Main menu

ကန့်ဘလူခရိုင် ကျွန်းလှမြို့တွင် ရောင်းချနေသည့် ကြံရည်ဈေးနှုန်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြလျက်ရှိကြောင်း၊ ယခုအခါ ကျွန်းလှမြို့ပေါ်တွင် ကြံရည်ရောင်းချသည့်ဆိုင်များ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ မေလ ဒုတိယပတ်တွင် ရောင်းချနေသော ကြံရည်ဈေးနှုန်းမှာ ခွက်ကြီးတစ်ခွက်လျှင်(၈၀၀)ကျပ်၊ ခွက်သေးတစ်ခွက်လျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ သဘာဝအတိုင်း ပြုလုပ်ရောင်းချခြင်းဖြစ်ကြောင်း ကြံရည်အတွက်လိုအပ်သည့် ကုန်ကြမ်းကြံချောင်းများကို ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှ ဝယ်ယူရကြောင်း ကြံရည်ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)