Main menu

ထနောင်ပင်စျေးရှိဖရဲသီးစျေးကွက်

Powered by Drupal

          သစ်သီးစျေးကွက်အတွင်းသို့ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့်မိတ္ထီလာခရိုင်တို့မှ ထွက်သည့်ဖရဲသီးများဝင်ရောက်လျက်ရှိပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် အခြားဒေသ တို့မှ လည်းဝင်ရောက်ကြောင်းသိရပါတယ်။ပြည်တွင်းစားသုံးမှုများပြားသကဲ့သို့ ပြည်ပတရုတ်နိုင်ငံ စျေးကွက်သို့ နှစ်စဉ်တင်ပို့လျက်ရှိသည့်ဖရဲသီးများအား  မန္တလေးတိုင်း ဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဖရဲသီး(၇၈၀၀)ဧကကျော်စိုက်ပျိုးကြောင်း သိရပါတယ်။ ဖရဲသီးအားအသီး  အတိုင်းစားသုံးခြင်း၊ ဖျော်ရည်နှင့် စားသောက်ကုန်တို့တွင် ထည့်၍စားသုံးကြောင်းသိရပါတယ်။ မန္တလေးစျေးကွက်အတွင်း ၂၀၂၅ ခုနှစ် မေလဒုတိယပတ်အတွင်း ဖရဲသီး‌စျေးမှာ တစ်လုံးလျှင် အလုံးကြီး ၅၀၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်၊ အလုံးလတ် ၃၀၀၀ ကျပ်နှင့်  ၄၅၀၀ ကျပ်၊ အလုံးသေး ၂၀၀၀ ကျပ်နှင့် ၂၅၀၀ ကျပ်စျေးဖြစ်ပြီး၊ အသီးအရွယ်အစားအလိုက် စျေးအနည်းငယ် ကွာခြား မှုရှိကြောင်း သိရပါတယ်။ ရာသီဥတု ပူပြင်းသည့် အချိန်ဖြစ်၍ ရေဓါတ်အားဖြည့်စာ စာဖရဲသီးများ အရောင်းသွက်လျက်ရှိကြောင်း ထနောင်ပင်စျေးရှိ သစ်သီးရောင်းချသူ တစ်ဦး၏ ပြောပြချက်အရ  သိရပါတယ်။

DOCA(မန္တလေး)