Main menu

ရေနီမြောင်းစျေးရှိစတော်ဘယ်ရီသီးစျေးကွက်

Powered by Drupal

           မန္တလေးစျေးကွက်သို့ ပြင်ဦးလွင်ဒေသထွက်စတော်ဘယ်ရီသီးများ မေလဒုတိယပတ်အတွင်း ဝင်ရောက်မှုနည်းသော်လည်း အရောင်းသွက်လျက်ကြောင်း သိရပါတယ်။    မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ဒေသတွင် စိုက်ပျိုးမှုအနေဖြင့်  ဒေသမျိုးစတော်ဘယ်ရီသီး(အလုံးသေး) အချဉ် အရသာ၊ စတော်ဘယ်ရီသီး(ထိုင်ဝမ်မျိုး)အကြွပ်သီးအချဉ် အရသာနှင့် စတော်ဘယ်ရီသီး(ဂျပန်မျိုး) ချိုမွှေး အရသာရှိသည့်အသီးတို့  စိုက်ပျိုးကြောင်း သိရပါ တယ်။    မန္တလေးစျေးကွက်အတွင်းသို့ စတော် ဘယ်ရီသီးဝင်ရောက်မှုမှာပြင်ဦးလွင်ဒေသထွက်အသီး နှင့်ရှမ်းပြည်နယ်တောင်ပိုင်းဒေသတို့မှထွက်ရှိ သည့်အသီးများ ဝင်ရောက်ကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ်မေလဒုတိယ ဆုံးပတ်အတွင်း  တစ်ပိဿာလျှင် လက္ကားစျေး ထိုင်ဝမ်မျိုး စတော်ဘယ်ရီ အချဉ်သီး ၁၀၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊ လက်လီစျေး ၁၂၅၀ဝိ/- နှင့် ၁၃၀၀ဝိ/-၊   ဂျပန်မျိုး စတော်ဘယ်ရီ ချိုမွှေးသီး လက္ကားစျေး ၁၂၀၀ဝိ/- နှင့် ၁၄၀၀ဝိ/-၊လက်လီစျေး ၁၄၅၀ဝိ/- နှင့်၁၆၀၀ဝိ/- ၊ဒေသမျိုး အလုံးသေးစတော်ဘယ်ရီ သီးနှီးခြင်း  ၁၀ ခုလျှင် လက္ကားစျေး  ၁၄၀၀ဝိ/-နှင့်  ၁၆၀၀ဝိ/-၊လက်လီ စျေး၁၈၀၀ဝိ/- နှင့်၂၀၀၀ဝိ/-တို့ဖြစ်ကြောင်းသိရပါတယ်။ ပူပြင်းသည့်ရာသီချိန်ဖြစ်၍ မန္တလေးစျေးကွက်အတွင်း စတော်ဘယ်ရီ သီးများ အရောင်းသွက်လျက်ရှိကြောင်း  ရေနီမြောင်းစျေးရှိ သစ်သီးရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရပါတယ်။ 

DOCA(မန္တလေး)