
မန္တလေးသစ်သီးစျေးကွက်သို့ မေလဒုတိယပတ်အတွင်း ရမည်းသင်းဒေသထွက် စပျစ်သီး ဝင်ရောက်မှုများပြားပြီး အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်မှ ထွက်ရှိ သည့် စပျစ်သီးဝင်ရောက်မှုများပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှလည်း ဝင် ရောက်ကြောင်း သိရပါ တယ်။ ရမည်းသင်းခရိုင်တွင် စားစပျစ်နှင့်ဝိုင်စပျစ်(၂) မျိုးလုံး စိုက်ပျိုး လျက် ရှိပြီး၊ အီတလီ No(3)၊ BQ ၊ BK ၊ RG စပျစ်မျိုးများ၊ရိုးရိုးအချွန်၊ ပန်းရောင်အချွန်မျိုးနှင့် ဂျပန်(စိမ်း)တို့ စိုက်ပျိုး ကြောင်း သိရပါတယ်။ သစ်သီးဝင်ရောက်မှုအနေဖြင့် ဒေသအသီးသီးမှ ဝင်ရောက်လာသည့် သစ်သီးများအား မန္တလေးမြို့၊စျေးချို စျေး၊ ၂၉ လမ်းနှင့် ၃၁လမ်းကြား၊ ၈၄လမ်းနေရာရှိ သစ်သီးပွဲရုံ များသို့ ဝင်ရောက် ကြောင်း သိရပါ တယ်။ မန္တလေးသစ်သီးစျေးကွက်တွင် ၂၀၂၅ ခုနှစ် မေလဒုတိယ ပတ်အတွင်းစပျစ်သီးစျေး တစ်ပိဿာလျှင် စပျစ်သီးအလုံးဝိုင်း (ကြီး) ၉၀၀၀ ကျပ်နှင့် ၁၂၀၀၀ကျပ်၊ စပျစ်သီးအချွန်မျိုး ၈၀၀ဝ ကျပ်နှင့် ၉၀၀၀ ကျပ်၊စပျစ်သီး (လုံးသေး) ၇၀၀၀ကျပ် နှင့် ၈၀၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊ အသီး အရွယ်အစားအလိုက်စျေးအနည်းငယ်ကွာခြားမှုရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)