Main menu

ကြက်ဥ၊ဘဲဥနှင့်ငုံးဥများစျေးကွက်

Powered by Drupal

           မေလဒုတိယပတ်အတွင်း မန္တလေးစျေးကွက်ရှိ  ကြက်ဥ၊ဘဲဥနှင့်ငုံးဥများ စျေးငြိမ်လျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်အတွင်း    ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာ မွေးမြူရေးခြံထွက်ကြက်ဥ များဝင်ရောက်မှုအများဆုံးဖြစ်ပြီး၊ကျောက်ဆည်၊ မြစ်သား၊ မြို့သာ မြို့နယ်ရှိခြံများမှဝင်ရောက်ကြောင်း သိရပါတယ်။ ဘဲဥမှာ အမရပူရ၊ပုသိမ်ကြီး၊မတ္တရာမြို့နယ်ရှိခြံများ မှဝင်ရောက်ခြင်း၊ငုံးဥမှာ မန္တလေး၊စဉ့်ကိုင်၊ကျောက်ဆည်ဒေသရှိမွေးမြူရေးခြံတို့မှဝင်ရောက်ကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ်မေလဒုတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သောလက္ကားစျေးမှာ   ကြက်ဥ (၃၀လုံး ပါ ၁၀ ကဒ်)တစ်ဆွဲ လျှင်၁၃၅၀၀ဝိ/- နှင့်၁၃၈၀၀ဝိ/- ၊ လက်လီစျေးအနေဖြင့်  ကြက်ဥတစ်လုံး လျှင် ၄၅ဝိ/-နှင့်၄၆ဝိ/- ၊  ဘဲဥတစ်လုံးလျှင် ၅၈ဝိ/-နှင့် ၆၀ဝိ/- ၊ ငုံးဥ(၁၀) လုံးလျှင်၂၃၀ဝိ/- နှင့် ၂၅၀ဝိ/-  စျေးဖြင့် ရောင်းချလျက်ရှိပြီးအရွယ်အစားပေါ်မူတည်၍ စျေးကွားခြားမှု ရှိကြောင်းသိရှိရ ပါတယ်။ ပြင်ဦးလွင်‌ ဒေသရှိ မွေးမြူရေးခြံများမှ မန္တလေးစျေးကွက်အတွင်းသို့ ကြက်ဥဝင်ရောက်မှုမှာ  ၁၆ မိုင်၊ ထုံးဘိုဂိတ်ဖြတ်စာရင်းများ အရ  ၂၀၂၅ ခုနှစ်မေလဒုတိယပတ်အတွင်း ၆ဘီး နှင့် ၁၂ ဘီးယာဉ် (၂၈၀) စီးဝင်‌ရောက်ကြောင်း သိရပါတယ်။

DOCA(မန္တလေး)