Main menu

စူအက်ပင်လယ်ကွေ့အနောက်သဲကန္တရတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတွေ့ရှိမှုအား အီဂျစ်နိုင်ငံမှ ထုတ်ပြန်ကြေညာ

Powered by Drupal

      အနောက်သဲကန္တရနှင့် စူအက်ပင်လယ်ကွေ့တို့တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ တည်နေရာ အသစ်သုံးခု ရှာဖွေတွေ့ရှိမှုအား အီဂျစ်ရေနံနှင့်ဓာတ်သတ္တုအရင်းအမြစ် ဝန်ကြီးဌာနက မေလ ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။ အနောက်ပိုင်းသဲကန္တရရှိ ရေနံတွင်းတစ်ခုမှာ အသားတင်အထူ ၁၅၃ ပေ (၇၇.၁ မီတာခန့်) နှင့် ရေနံစည်ပေါင်း ၁၂.၅ သန်းနှင့် ညီမျှသော ရေနံများတည်ရှိနိုင်ကြောင်း၊ ဓာတ်ငွေ့ထွက်ရှိမှုမှာလည်း ကုဗပေသန်း ၃၀ အထိမြှင့်တင်ရန် ရည်ရွယ်သည် ပိုက်လိုင်း ၂၃ ကီလိုမီ တာ တိုးချဲ့ချင်းနှင့် ထပ်လောင်းတူးဖော်ခြင်း အစီအစဉ်နှင့်အတူ စမ်းသပ်နေဆဲဖြစ်ကြောင်း သိရသည်။ တစ်ချိန်တည်းတွင် အသစ်တွေ့ရှိထားသော ရေနံနှင့်သဘာဝဓာတ်ငွေ့တွင်းနှစ်တွင်းကိုလည်း အကဲဖြတ်စမ်းသပ်လျှက်ရှိသည်။ ဓာတ်ငွေ့ပမာဏကုဗပေ ၃၀ ထရီလီယံ ရှိမည်ဟု ခန့်မှန်းရသော မြေထဲပင်လယ် Zohr ဓာတ်ငွေ့တွင်းနှင့် လက်ရှိရေနံတွင်း အသစ်သုံးတွင်းကဲ့သို့သော မကြာသေးမီက ရှာဖွေတွေ့ရှိမှုများသည် ဒေသတွင်း စွမ်းအင်အချက်အချာအဖြစ်နေရာယူထားရန် အီဂျစ်နိုင်ငံ၏ မဟာဗျူဟာကို ပံ့ပိုးကူညီပေးလျှက်ရှိသည်။

Source : Xinhua                                                                                 DOCA(ရန်ကုန်)