Main menu

ငါးခြောက်မျိုးစုံစျေးကွက်

Powered by Drupal

            ပူပြင်းခြောက်သွေ့သည့်ရာသီချိန်  ဖြစ်သည့် မေလဒုတိယပတ်အတွင်း   အလှူပွဲတော်များ၊  ဘုရားပွဲများ နှင့်မင်္ဂလာပွဲများ ကျင်းပမှုများပြားပြီး၊    မန္တလေးစျေးချိုတော်တွင်    ငါးခြောက်မျိုးစုံ အရောင်းသွက်လျက်ရှိ ကြောင်း သိရပါတယ်။  မန္တလေးစျေးကွက်သို့ ရေထွက်ကုန်ပစ္စည်းများ ဖြစ် သည့်ငါးခြောက်၊ ငါးပိ နှင့်ပုဇွန်ခြောက် များအား ရန်ကုန်တိုင်းဒေသကြီးနှင့်  မြန်မာနိုင်ငံအောက် ပိုင်းဒေသတို့မှ ဝင်ရောက် လျက်ရှိ ကြောင်း သိရပါတယ်။  ၂၀၂၅ ခုနှစ်မေလဒုတိယ ပတ်အတွင်း အမျိုးအစားအလိုက်တစ်ပိဿာ ပေါက် စျေးတို့မှာ  ငါးနီတူး ခြောက် ၂၀၀၀ဝိ/- နှင့် ၂၈၀၀ဝိ/-၊ ငါးဖောင်ရိုးခြောက် ၄၀၀၀ဝိ/- နှင့် ၆၀၀၀ဝိ/-၊ ငါးပုတ်သင်ခြောက် (လုံး)၁၆၀၀ဝိ/- နှင့်၂၀၀၀ဝိ/-၊ ငါးပုတ်သင်ခြောက်(ပြား) ၂၀၀၀ဝိ/-နှင့်၂၅၀၀ဝိ/-၊  ငါးရောင်ခြောက်  ၄၅၀၀ဝိ/- နှင့် ၇၀၀၀ဝိ/-၊ ငါးရံ့ခြောက်(လုံး)၆၅၀၀ဝိ/- နှင့်၇၅၀၀ဝိ/-၊ငါးရံ့ခြောက် (ပြား)၈၅၀၀ဝိ/-  နှင့် ၉၅၀၀ဝိ/-၊ ပုဇွန်ခြောက် ၂၅၀၀ဝိ/- နှင့် ၆၀၀၀ဝိ/- စျေးတို့ ဖြင့်  အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)