
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာတွင် ကျောက်ဖ ရုံပင်များစိုက်ပျိုးပြီး မိသားစုဝင်ငွေ ရရှိကာအဆင်ပြေလျက်ရှိကြောင်း၊ ကျောက်ဖရုံပင် စိုက်ပျိုး ရာတွင် စင်တင်စနစ်ဖြင့်စိုက်ပျိုးခြင်း၊ မြေလွှတ်စိုက်ပျိုးခြင်း စသည်ဖြင့်ရှိကြောင်း သိရသည်။
ကျောက်ဖရုံသီးသည် တာရှည်အထားခံသည့်အပြင် ဆေးအသုံးဝင်သည့်အတွက် အိမ်များ တွင် ဆောင်ထားလေ့ရှိကြောင်း၊ အပင်အမျိုးအစားနှင့် ပြုစုခြင်းပေါ်မူတည်၍ အသီးထွက် နှုန်းကွာခြားမှုရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျောက်ဖရုံသီးများကို သစ်ရာမြိုင်ဈေးတွင် ရောင်းချ လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေလ ဒုတိယပတ်အတွင်း အလုံးကြီးတစ်လုံးလျှင် ၄၀၀၀ကျပ်၊ အလုံးသေး တစ်လုံးလျှင် ၃၀၀၀ကျပ်ဖြင့် ရောင်းချရသည့်အတွက် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက် ရှိကြောင်း သီးနှံစိုက်ပျိုးရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)