
ကုန်စိမ်းစျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်း ပြည်နယ်ဒေသထွက်ကုန်စိမ်းများ ဝင်ရောက်မှုများပြားကြောင်း သိရပါတယ်။ မန္တလေးမြို့ ၄၁ လမ်း စျေးနှင့် သီရိမာလာဈေးတို့မှာ ဟင်းသီးဟင်းရွက်ကုန်စိမ်းများ လက်လီ/လက္ကား ရောင်းချသည့် စျေးများဖြစ်ပါတယ်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ်မေလဒုတိယပတ်အတွင်း လက္ကားရောင်း ဈေးနှုန်းများအနေဖြင့် မုန်လာပန်းစိမ်း(၁၀)ခုလျှင် ၁၅၀၀၀ ကျပ်နှင့် ၁၇၀၀၀ ကျပ်၊မုန်လာပန်းဖြူ ၁၄၀၀၀ ကျပ် နှင့်၁၅၀၀၀ ကျပ်၊ လက်လီစျေးအနေဖြင့် မုန်လာပန်းစိမ်း ၁၈၀၀၀ ကျပ်နှင့် ၂၀၀၀၀ ကျပ်၊မုန်လာပန်းဖြူ ၁၆၀၀၀ ကျပ်နှင့် ၁၇၀၀၀ကျပ်တို့ဖြင့် အရောင်းသွက်လျက်ရှိကြောင်း သိရ ပါတယ်။သီရိမာလာစျေးအတွင်း ကုန်စိမ်း သီးနှံဝင်ရောက်မှုမှာ နေ့စဉ်ကုန်စည်အမျိုးအစား အလိုက် Canter(၁၂ ဘီး နှင့် ၆ ဘီး)ယာဉ်(၄၀)စီးနှင့် (၆၀)စီးအကြားဝင်ရောက်လျက်ရှိကြောင်းသိရပါတယ်။
DOCA(မန္တလေး)