Main menu

စက်သုံးဆီ သယ်ယူ/ ဖြန့်ဖြူး/ ရောင်းချခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

Powered by Drupal

                 စက်သုံးဆီ သယ်ယူ/ ဖြန့်ဖြူး/ ရောင်းချခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ(၂၉)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

              အစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စွမ်းအင် ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ စက်သုံးဆီဆိုင်ပိုင်ရှင်နှင့် တာဝန်ခံများ စုစုပေါင်း (၄၆)ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ လားရှိုးမြို့နှင့် ကျိုင်းတုံမြို့မှ ဝန်ထမ်းများက Zoom Meeting ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါတယ်။ အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးတင့်လွင်ဦး(ဒုတိယညွှန်ကြားရေးမှူး)က ရှင်းလင်းပြောကြားရာတွင် (၇.၆.၂၀၂၂)ရက်နေ့မှစ၍ ရှမ်းပြည်နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီများ သတ်မှတ် ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ/ မရှိနှင့် အကန့်အသတ်ဖြင့် ရောင်းချမှု ရှိ/ မရှိစာရင်းများနှင့် (၁၂.၆. ၂၀၂၂)ရက်နေ့မှ စ၍လည်း တိုင်းဒေသကြီး/ ပြည်နယ်များသို့ စက်သုံးဆီ Bowser ယာဉ်များ ဖြန့်ခွဲ ရောက်ရှိမှုစာရင်းများကိုလည်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီသို့ နေ့စဉ်တင်ပြရကြောင်း၊ (၇.၆.၂၀၂၂)ရက်နေ့မှ (၂၈.၆.၂၀၂၂)ရက်နေ့အထိ ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များနှင့် ဆီ Bowser ယာဉ်များ ဖြန့်ခွဲရောက်ရှိ၊ ကျန်ရှိ စာရင်းများနှင့် ပတ်သက်၍ စိစစ်တင်ပြနေရသည့် လုပ်ငန်းဆောင်ရွက်မှုများကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းပြောကြားပြီး ဆီမှာယူထားသော  စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ဆီ Bowser ယာဉ်များ ရောက်ရှိမှုအခြေအနေများကို ပြန်လည်ဖြေကြားပေးစေလိုကြောင်း၊ မရောက်ရှိ သေးသည့် ယာဉ်များ မည်သည့်အကြောင်းကြောင့် မရောက်ရှိသေးသည်ကို ဆက်သွယ်ပေးစေလို ကြောင်း၊ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီဈေးနှုန်းများကိုလည်း မှန်မှန်ကန်ကန် ဖြေကြားပေးစေလိုကြောင်း၊ မိမိတို့အနေဖြင့်လည်း အခါအားလျော်စွာ ကွင်းဆင်းစစ်ဆေးလျက်ရှိ ကြောင်းနှင့် မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တက်ရောက် လာသော စက်သုံး ဆီလုပ်ငန်းရှင်များအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါတယ်။

             ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဦးမျိုးဆွေ(ညွှန်ကြားရေးမှူး)က PPRD Facebook Page တွင် စက်သုံးဆီ ရည်ညွှန်းဈေးများ နေ့စဉ် နံနက်(၆:၀၀)နာရီအချိန်တွင် ထုတ်ပြန် ပေးလျက်ရှိရာ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံမြို့များလည်း အကျုံးဝင်ပါကြောင်း၊ ထို့ကြောင့် သတ်မှတ်ထားသည့် ရည်ညွှန်းဈေးကို       PPRD Facebook Page တွင် နေ့စဉ် ဝင်ရောက် စစ်ကြည့် ပြီး ရည်ညွှန်းဈေးအတိုင်းရောင်းရန်ဖြစ်ကြောင်း၊ Bowser ကားများ (မှာယူ)ဝယ်ယူသည့်ဆိုင်သို့ ရောက်ရှိရန် အရေးကြီးကြောင်း၊ အမှန်တကယ်မရောက်ရှိလျှင် တာဝန်ကြီးကြောင်း၊ စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့် လိုင်စင်မရသေးလျှင် လိုင်စင်မရှိဟု သတ်မှတ်ကြောင်း၊ လိုင်စင်မရှိလျှင် ရေနံဥပဒေနှင့် ညှိစွန်းသဖြင့် အရေးယူခြင်းခံရနိုင်ကြောင်း၊ ထို့အတွက်ကြောင့် အစိုးရမှ ချမှတ်ထား သော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆီ Bowser ကား များ ရောက်ရှိလျှင် ဖုန်းဆက်အကြောင်းကြားပေးရန်နှင့် စက်သုံးဆီကိစ္စရပ်များနှင့်ပတ်သက်၍ သိရှိ မေးမြန်း အကူအညီရယူလိုပါက မိမိတို့ဌာနသို့ ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်း ပြောကြား ခဲ့ပါတယ်။

             ထို့နောက် တက်ရောက်လာသော စက်သုံးဆီဆိုင်ပိုင်ရှင်များနှင့် တာဝန်ခံများမှ လိုအပ်သည် များကို အပြန်အလှန်ဆွေးနွေးပြီး အစည်းအဝေးကို နေ့လည်(၁၂:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါတယ်။

DOCA(ရှမ်း)