Main menu

မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအစည်းအဝေး(၂/၂၀၂၂)အား ကျင်းပပြုလုပ်ခြင်း

Powered by Drupal

               မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအစည်းအဝေးခန်းမ၌ (၂/၂၀၂၂)ကြိမ်မြောက် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ခုနှစ်၊ ဇွန်လ (၂၄)ရက်နေ့ နေ့လည်(၁:၃၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

        အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအဖွဲ့ ဥက္ကဌ စီးပွားရေးရာ ဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းက ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (ဧပြီလနှင့် မေလ)အတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများအား Power Point များဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါ သည်။ ဆက်လက်၍ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုးက အမှာစာများကို ဖတ်ကြားခဲ့ပြီး တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြကာ အတည်ပြုချက်များရယူခဲ့ပါသည်။ အစည်းအဝေးသို့ ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့်ခရိုင်ဦးစီးမှူးများ၊ ဌာနခွဲတာဝန်ခံများ စုစုပေါင်း(၁၄)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)