Main menu

အထက်မင်းလှမြို့နယ်၌ ကီလိုမာလကာသီးဈေးကောင်းရလျက်ရှိ

Powered by Drupal

             မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်ရှိ ကျေးရွာများ၌ သီးနှံမျိုးစုံစိုက် ပျိုးလျက်ရှိပြီး မြေအမျိုးအစားမရွေးဖြစ်ထွန်းအောင်မြင်ပြီး စိုက်ပျိုးရန်လွယ်ကူသော နှစ်ရှည်ပင် သီးနှံတစ်မျိုးဖြစ်သည့် ကီလိုမာလကာသီးကို ပန်းတော်ပြင်ကျေးရွာ၌ စီးပွားဖြစ်ဥယျာဉ်ခြံမြေများနှင့် ယာမြေများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဧပြီလ(ဒုတိယပတ်)မှ စတင်၍ ကီလိုမာလကာသီးများထွက်ရှိပြီး ဈေးနှုန်းအနေ ဖြင့် အလုံးကြီး(၁)လုံးလျှင် ကျပ်(၉၀၀)၊ အလုံးသေး(၁)လုံးလျှင် ကျပ်(၇၀၀)ဖြင့် ရောင်းချပြီး မေလ (ဒုတိယပတ်)တွင် အလုံးကြီး(၁)လုံးလျှင် ကျပ်(၁၀၀၀)၊ အလုံးသေး(၁)လုံးလျှင် ကျပ်(၇၅၀)ဖြင့် ရောင်းချလျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် အလုံးကြီး ကျပ်(၁၀၀)၊ အလုံးသေး ကျပ်(၅၀)ဈေးနှုန်းမြှင့်တက်လာကြောင်း သိရသည်။ ယခုအချိန်တွင် ကီလိုမာလကာအထွက်နှုန်း လျော့နည်းလာသည့်အတွက် ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်ခြင်းဖြစ်ကြောင်း၊ ဈေးကွက်အနေ ဖြင့် မင်းလှ-သရက်ကားလမ်းဘေးရှိ သစ်သီးဆိုင်များသို့ လက်ကားတင်သွင်းရောင်းချကြောင်း၊ ယခင်နှစ်ကထက် ယခုနှစ်တွင်မူ ကီလိုမာလကာသီးမှာ ဈေးပိုရသောကြောင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုး သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း ပန်းတော်ပြင်ကျေးရွာနေ ကီလိုမာလကာစိုက်ပျိုးသူ တစ်ဦးထံမှ သိရှိရသည်။

DOCA(မကွေး)