Main menu

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ဘုရားပန်းဈေးနှုန်းများ ကျဆင်းလျက်ရှိ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ မေမြို့ပန်း၊ ဂန္ဓာပန်း၊ အောင်သပြေနှင့် နှင်းဆီပန်းများကို မြို့အနီးရှိ ညောင်ပင်သာကျေးရွာ၊ ပန်းတော်ပြင်ကျေးရွာနှင့် မယ်ဇလီတောကျေးရွာများတွင် အဓိကစိုက်ပျိုးရောင်းချလျက်ရှိသည့်အပြင် မန္တလေး၊ ပြင်ဦးလွင်နှင့် နေပြည်တော်တို့မှလည်း မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် မေမြို့ပန်း(ဒေလီယာ)(၆)ပင်ပါ(၁)စည်းလျှင် ကျပ် (၁၅၀၀)၊ ဂန္ဓာမာပန်း(၁၀)ပွင့်(၁)စည်းလျှင် ကျပ်(၃၀၀၀)၊ အောင်သပြေ(၅)ခက်ပါ(၁)စည်းလျှင် ကျပ်(၂၅၀)၊ နှင်းဆီပန်း(၁၀)ပွင့်ပါ (၁)စည်းလျှင် ကျပ်(၃၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်ဧပြီလ (စတုတ္ထပတ်)တွင် မေမြို့ပန်း(ဒေလီယာ)(၁)စည်းလျှင် ကျပ်(၁၇၀၀)၊ ဂန္ဓာမာပန်း(၁)စည်းလျှင် ကျပ်(၃၃၀၀)၊ အောင်သပြေ(၁)စည်းလျှင် ကျပ်(၃၀၀)၊ နှင်းဆီပန်းကျပ်(၃၂၀၀)ဖြင့် ရောင်းချလျက် ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခု(၁)ပတ်တွင် မေမြို့ပန်း(ဒေလီယာ) ကျပ်(၂၀၀)၊ ဂန္ဓာမာပန်း ကျပ် (၃၀၀)၊ အောင်သပြေ ကျပ်(၅၀)၊ နှင်းဆီပန်း ကျပ်(၂၀၀)‌ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသတွင်း ပန်းစိုက်ပျိုးသည့် ကျေးရွာများ၌ အထွက်နှုန်းမရှိတော့ သော်လည်း မှာယူသည့်ဒေသများရှိ ပန်းစိုက်ခင်းများ၌ အထွက်နှုန်းများလှိုင်လှိုင်ထွက်ရှိလာသောကြောင့် ပန်း ဈေးနှုန်းမှာ အနည်းကျဆင်းရခြင်း ဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)