.jpg?itok=96O3PsNZ)
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ကြက်သွန်နီကို မြိတ်မြို့ဆိပ်ငယ် ဈေးကြီးနှင့်စမ်းချောင်းကုန်စိမ်းများတွင် နေ့စဉ်အရောင်း အဝယ်လျက်ရှိပါသည်။ မိုးကြက်သွန်နီ အပြင်ပင်စိုက်ကြက်သွန်နီများလည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ကြက်သွန်နီသည် စားဖိုချောင်သုံးအစားအစာတွင် အဓိကမပါမဖြစ်သော အသီးအနှံတစ်မျိုး ဖြစ်သည်။ ကြက်သွန်နီကို အလွယ်တကူဝယ်ယူရရှိပြီး ဟင်းလျာများကို အနံ့အရသာကောင်းမွန်စေသောသီးနှံတစ်မျိုးဖြစ်သည်။
ယခင် ၂၀၂၅ခုနှစ် မေလပထမပတ်တွင် မြိတ်မြို့အတွင်း ကြက်သွန်နီဈေးနှုန်းမှာ (၃၀၀၀) ကျပ်ထိရှိပြီး ယခုမေလဒုတိယပတ်တွင် မြိတ်မြို့အတွင်း ကြက်သွန်နီဈေးနှုန်းမှာ (၂၅၀၀)ကျပ် ထိကျဆင်းသွားကြောင်း သိရှိရပါသည်။
DOCA ( မြိတ် )