Main menu

ကျိုက်မရောဒေသထွက် ဒူးရင်းသီးများစတင်ထွက်ရှိပြီး ဈေးကောင်းရရှိနေ

Powered by Drupal

   မွန်ပြည်နယ်၊ ကျိုက်မရောဒေသထွက် ယိုးဒယားမျိုးစပ် ဒူးရင်းသီးမျိုးများ စတင်ထွက်ရှိကာ ဈေးကွက်အတွင်း ဈေးကောင်းရရှိနေပြီး အဝယ်လိုက်နေသောကြောင့် ဒူးရင်းခြံပိုင်ရှင်များ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

   ယခုလအတွင်း စတင်ထွက်ရှိနေသော ဒူးရင်းသီးမျိုးများမှာ ကလိုင်းကနိုင်ကျေးရွာ အပေါ်ရွာ၌ရှိပြီး ဒူးရင်းခြံတစ်ခုလျှင် တစ်ပင်ကို အလုံးရေ ၃၀ခန့်ရှိပြီး ယခုချိန် ပေါ်ဦးပေါ်ဖျား တွင် ဒူးရင်းသီး တစ်လုံးလျှင် (၆၀၀၀၀) ခန့်မှ (၈၀၀၀၀) အထိ ရရှိနေသဖြင့် ဒူးရင်းသီး ခြံစိုက်ပျိုးသူများ မိသားစု ဝင်ငွေကောင်းနေပြီး စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ကလိုင်းကနိုင်အပေါ်ရွာ ဒူးရင်းခြံပိုင်ရှင် ဦးသန်းဦးက ပြောသည်။ အဆိုပါ ဒူးရင်းသီး ကိုင်းဆက်မျိုးများကို မုဒုံစိုက်ပျိုးရေးခြံမှ မျိုးဝယ်ယူကာ စိုက်ပျိုးရကြောင်း ယိုးဒယားမျိုးဖြစ်၍ အသီးအရွယ်အစားလည်းကြီး၍ အသားထူပြီး အစေ့သေးကာအရသာမှာလည်း ချိုသဖြင့် စားသုံးသူများ အလွန်နှစ်သက်ကြောင်း၊ ကျိုက်မရော ဒူးရင်းသီးများကို မော်လမြိုင်၊ ရန်ကုန်မြို့ကြီးများသို့ တင်ပို့ရောင်းချကြောင်း၊ အနယ်နယ်အရပ်ရပ်သို့လည်း တင်ပို့ပေးရသဖြင့် နာမည်ကြီးကြောင်း ဒူးရင်းသီး စီးပွားဖြစ် စိုက်ပျိုးသူ ဦးသန်းဦးထံမှ သိရသည်။

DOCA (မွန်)