Main menu

ယခုနှစ်တွင် ဂျပန်ဈေးကွက်သို့ ဆန်တန်ချိန် ၁၀၀၀၀ တင်ပို့မည်ဟု တရုတ်တိုင်ပေ ပြောကြား

Powered by Drupal

    တရုတ်တိုင်ပေ အနေဖြင့် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အထိ ဂျပန်နိုင်ငံသို့ နှစ်စဉ်ပျမ်းမျှ ဆန်တန်ချိန် ၃၅၀၀ ခန့် တင်ပို့ခဲ့ရာမှ ယခုနှစ်တွင် ဆန်တန်ချိန် ၁၀၀၀၀ ကျော်အထိ တင်ပို့နိုင် ဖွယ်ရှိသည်ဟု စိုက်ပျိုးရေးဒုတိယဝန်ကြီး Hu Chung-yi က ပြောဆိုကြောင်း Taiwan News သတင်းဌာနက ဖော်ပြပါသည်။

    ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ဂျပန်နိုင်ငံသို့ တရုတ်တိုင်ပေ၏ ဆန်တင်ပို့မှုသည် တန် ချိန် ၅၁၃၆ ရှိကြောင်း CNA သတင်းဌာနက ဖော်ပြခဲ့သည်။ ဂျပန်နိုင်ငံတွင် ဆန်ဈေးနှုန်းများသည် လွန်ခဲ့သည့် ၄ လအတွင်း နှစ်ဆမြင့်တက်ခဲ့ပြီး လက်ရှိကာလ၌ ၅ ကီလိုဂရမ်ဝင် တစ်အိတ်လျှင် ထိုင်ဝမ်ဒေါ်လာ ၈၇၀ ခန့်ရှိပါသည်။ သို့သော် ဂျပန်နိုင်ငံတွင် စိုက်ပျိုးသော Japonica အမျိုးအစား နှင့် တူညီသည့်ဆန်၏ လက်ကားဈေးနှုန်းသည် တရုတ်တိုင်ပေ၌ တစ်ကီလိုဂရမ်လျှင် ထိုင်ဝမ် ဒေါ်လာ ၄၀ ဝန်းကျင်သာရှိရာ ဂျပန်ဆန်ထက် ထက်ဝက်ခန့်သာ ကုန်ကျမှုရှိပြီး ဂျပန်ဈေးကွက် တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း သိရပါသည်။

    ဂျပန်နိုင်ငံ၌ ပြည်တွင်းဆန်ထုတ်လုပ်မှုကို ကာကွယ်ရန်အတွက် တင်းကျပ်သော သွင်းကုန် ထိန်းချုပ်မှုများကို ချမှတ်ထားရာ နှစ်စဉ် ဆန်တန်ချိန် ၇၇၀၀၀၀ တင်သွင်းခွင့်ပြုထားသည့်အနက် တန် ၆၇၀၀၀၀ ကို အရန်ဆန်ထားရှိရန် အစိုးရက ဝယ်ယူခြင်းဖြစ်သည်။ သို့ဖြစ်၍  အကောက်ခွန် ကင်းလွတ်ခွင့် ခွဲတမ်းဖြင့် ပြည်ပမှ ဆန်တန်ချိန် တစ်သိန်းသာ တင်သွင်းနိုင်ပြီး ယင်းပမာဏ၏ အများစုကို အမေရိကန်နှင့် သြစတြေးလျတို့ထံ ခွဲဝေပေးထားကြောင်း ကျန်ပမာဏ အနည်းငယ် ကိုသာ တရုတ်တိုင်ပေ အပါအဝင် အခြားနိုင်ငံများက ယှဉ်ပြိုင် တင်ပို့နိုင်ကြောင်း သိရှိရသည်။

Source: Taiwan News, 13 May 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)