Main menu

“ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းတောင်သူဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်”

Powered by Drupal

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် တာဝန်ခံဒေါ်ဌေးဌေးဝင်းသည် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် (၂၉.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာတွင် တိုင်းတောင်သူဖွံ့ဖြိုးစေရေးအဖွဲ့မှ ဦးဆောင်၍ “နှမ်းစုပေါင်းရောင်းချပွဲ”သို့ သွားရောက်ခဲ့ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

          တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ ဦးညွှန့်ဝင်း ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာအုပ်စု၊ အုပ်စုဥက္ကဌ ဖြစ်သူ မြို့နယ်တောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ ဦးမြင့်အောင်နှင့်မြင့်မြတ်တော်ဝင်ကုမ္ပဏီမှ တာဝန်ခံ ဒေါ်မေသန္တာတို့နှင့်တွေ့ဆုံပြီး နှမ်းအမျိုးအစားအလိုက် ရောင်းဝယ်မှုအခြေအနေများအား မေးမြန်းခဲ့ရာ နှမ်းအမျိုးအစားအလိုက် A,B,C အဆင့်(၃)ဆင့်ခွဲ၍ ဝယ်ယူပါကြောင်း၊ နှမ်းနက်(စမုံ)(ထိပ်စ) (၁၅)ပိဿာ (၁)တင်းလျှင်(၈၀၈၀ဝိ/-)၊ နှမ်းနက်(ရိုးရိုး) (၁)တင်းလျှင် (၇၀၀၀ဝိ/-)၊ နှမ်းဖြူ(၁)တင်း လျှင် (၆၅၀၀ဝိ/-)၊ နှမ်းနီ(၁)တင်းလျှင် (၅၀၀၀ဝိ မှ ၅၅၀၀ဝိ)အထိ အက်ဆစ်ဓါတ်အနည်းအများ၊ အဖျင်းအမှော်၊ ဖုန်၊သဲ၊ခဲပါဝင်မှုနှင့် အစိုဓါတ်များခွဲခြား၍ ဝယ်ယူပါကြောင်း၊ ဥပုသ်နေ့မှလွှဲ၍ နေ့စဉ် နံနက်(၀၈:၃၀)မှ ညနေ(၁၇:၀၀)အထိ ဖွင့်လှစ်ဝယ်ယူပါကြောင်း၊ တစ်လ(သို့)ရက်ပေါင်း(၄၀)အချိန်ထိ ဝယ်ယူသွားမည်ဟုစီစဉ်ထားပါကြောင်း၊ တောင်သူ၏သဘောဆန္ဒအရ လိုအပ်ပါက ရက်တိုး၍ ဝယ်ယူမည်ဖြစ်ပါကြောင်း၊ ယခုနှစ်သည်နှမ်းဈေးကောင်းသည့်အတွက် နှမ်းစိုက်တောင်သူများ ပြုံးပျော်ရမည့်နှစ်လည်းဖြစ်ပါကြောင်း၊ ကုမ္ပဏီကြီး(၄)ခုမှလည်း ဈေးနှုန်းအနည်းအများအရ ဒေသပေါက်ဈေးနှင့်ယှဉ်၍ ဈေးနှုန်းပိုရသောကုမ္ပဏီနှင့် ဖက်စပ်ဝယ်ယူပါကြောင်း သိရှိခဲ့ရပါသည်။

          မြင့်မြတ်တော်ဝင်ကုမ္ပဏီမှ တာဝန်ခံဒေါ်မေသန္တာက မိမိတို့ကုမ္ပဏီသည် ရန်ကုန်၊ မန္တလေး Exporter များထံသို့ တိုက်ရိုက်ရောင်းချပါကြောင်း စပါးရာသီချိန်တွင်လည်း ယခုလိုစုပေါင်းရောင်းချပွဲများ ဖြစ်မြှောက်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း သိရှိခဲ့ရပါသည်။

DOCA(မကွေး)