အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၂၃.၆.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၂၉.၆.၂၀၂၂)ရက်နေ့အတွင်း နှမ်းနက်(စမုံ)(၄၅ပိဿာ)မှာ ယခင်အပတ်(၁၇၅၀၀ဝိ/-) ရှိခဲ့ရာမှ ယခုအပတ်(၁၇၀၀၀ဝိ/-)ဖြစ်၍ (၅၀၀ဝိ/-)ဈေးလျော့ခဲ့ပြီး နှမ်းပြာယခင်အပတ် (၁၆၀၀၀ဝိ/-) ယခုအပတ်(၁၆၀၀၀ဝိ/-)၊ နှမ်းဖြူယခင်အပတ်(၁၆၅၀၀ဝိ/-) ယခုအပတ်(၁၆၅၀၀ဝိ/-)၊ နှမ်းနီ ယခင်အပတ် (၁၆၅၀၀ဝိ/-) ယခုအပတ် (၁၆၅၀၀ဝိ/-)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။
ပဲမျိုးစုံဈေးကွက်တွင် ပဲစဉ်းငုံ(နီ) (၂၀)ပိဿာဝင် (၁)တင်းလျှင် ယခင်အပတ်(၄၃၅၀ဝိ/-) ယခုအပတ်(၄၄၅၀ဝိ/-)ဖြစ်၍ (၁၀၀ဝိ/-)ဈေးမြင့်၊ မတ်ပဲမှာ ယခင်အပတ်(၅၀၅၀ဝိ/-) ယခုအပတ် (၅၂၀၀ဝိ/-)ဖြစ်၍ (၁၅၀ဝိ/-)ဈေးမြင့်၊ ကုလားပဲ(HL) ယခင်အပတ်(၅၀၀၀ဝိ/-) ယခုအပတ် (၄၉၅၀ဝိ/-) ဖြစ်၍(၅၀ဝိ/-)ဈေးလျော့၊ ကုလားပဲ (မြကြေး) ယခင်အပတ် (၅၀၅၀ဝိ/-) ယခုအပတ် (၅၀၀၀ဝိ/-) ဖြစ်၍(၅၀ဝိ/-)ဈေလျော့ခဲ့ပြီး ဘိုကိတ်ပြာ ယခင်အပတ်(၃၂၀၀ဝိ/-) ယခုအပတ်(၃၂၀၀ဝိ/-)၊ ပဲကြီး ယခင်အပတ် (၇၀၀၀ဝိ/-) ယခုအပတ်(၇၀၀၀ဝိ/-)၊ မြေပဲလုံးဆံနီ ယခင်အပတ် (၄၅၀ဝိ/-) ယခုအပတ် (၄၅၀ဝိ/-)၊ မြေပဲလုံးဆံဖြူ ယခင်အပတ်(၄၅၀ဝိ/-) ယခုအပတ်(၄၅၀ဝိ/-)ဖြစ်၍ ဈေးနှုန်းပြောင်းလဲ မှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းနက်(စမုံ)(၃၈၀)အိတ်၊ နှမ်းပြာ(၁၂၅) အိတ်၊ နှမ်းဖြူ(၉၀) အိတ်၊ နှမ်းနီ(၁၀၀)အိတ်၊ ပဲစဉ်းငုံ(နီ)(၇၀၀)အိတ်၊ မတ်ပဲ(၉၀)အိတ်၊ ကုလားပဲ(HL) (၃၈၀)အိတ်၊ ကုလားပဲ(မြကြေး) (၃၀၀)အိတ်၊ ဘိုကိတ်ပြာ(၁၉၀)အိတ်၊ ပဲကြီး(၇၇၀)အိတ်၊ မြေပဲလုံးဆံနီ (၂၈၀)အိတ်၊ မြေပဲလုံးဆံဖြူ(၃၀၀)အိတ်နှင့် ပဲတီစိမ်းဈေးနှုန်းမှာ ယခုအပတ်တွင်(၄၀၀၀ဝိ/-)ကျပ်ဖြင့်(၁၃၀)အိတ်တို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။
ဝါဈေးကွက်အနေဖြင့် ယခင်အပတ်(၁)ပိဿာလျှင် (၂၄၀ဝိ/-) ယခုအပတ်(၂၄၀ဝိ/-)ဖြစ်၍ ဈေးနှုန်း ပြောင်းလဲမှုမရှိဘဲ ပိဿာချိန်(၁၅၀၀ဝ)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်ထံမှသိရှိခဲ့ရပါသည်။
DOCA(မကွေး)