Main menu

ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော စွန်တာနီပဲ(ခေါ်)ပဲနီရေပွ

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ် ကွက်များမှ မိမိတို့တောင်ယာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိရာ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ နေကြာ စသည့်တို့အနက်မှ စွန်တာနီပဲ (ခေါ်) ပဲနီကိုလည်း စိုက်ပျိုးလျက်ရှိပြီး ပဲနီကိုကန့်ဘလူမြို့ပွဲရုံများနှင့်ကျွန်းလှမြို့ပေါ်ဈေးကွက်သို့ လာရောက်ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရသည်။

          ယခု ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ စွန်တာနီပဲ (ခေါ်)ပဲနီရေပွ ဈေးနှုန်းများမှာ စွန်တာနီပဲ(ခေါ်)ပဲနီရေပွ တစ်ပြည်လျှင်(၄၈၀၀)ကျပ်၊ စွန်တာနီပဲ(ခေါ်) ပဲနီရေပွ နို့ဆီဘူး(၄)ဘူးလျှင်(၂၄၀၀)ကျပ်နှင့် နို့ဆီတစ်ဘူးလျှင်(၆၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပဲရေပွ ရောင်းချသူသည် အကျိုးအမြတ်အနေဖြင့် ထက်ဝက်အမြတ်ကျန်ကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် စွန်တာနီပဲ (ခေါ်)ပဲနီရေပွ ရောင်းချသူထံမှသတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)