Main menu

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ‌ဘူးသီး ဈေးနှုန်း

Powered by Drupal

 

        ၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသည် ကျွန်းလှမြို့ပေါ်ရပ်ကွက်များ၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ဒေသအသီးသီးတို့မှ လာရောက် ရောင်းချကြသည့်အတွက် စည်ကားလျက်ရှိပါသည်။ ထိုသို့ရောင်းချကြသည့်အထဲတွင်ဘူးသီးများ စိုက်ပျိုးကာ လာရောက်ပို့ဆောင်ရောင်းချသောဒေသထွက် ဘူးသီးများဈေးကောင်းရရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

   ယခု ၂၀၂၅ ခုနှစ်၊ မေလ တတိယအပတ် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်နေသော ဘူးသီး ဈေးနှုန်း အနေဖြင့် ဘူးသီးအလုံး(အကြီး)တစ်လုံးလျှင်(၂၅၀၀)ကျပ်၊ ဘူးသီး(အလတ်)တစ်လုံးလျှင် (၂၀၀၀) ကျပ်၊ ဘူးသီး(အသေး)တစ်လုံးလျှင်(၁၅၀၀)ကျပ် နှင့် ဘူးသီး တစ်စိတ်လျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ အရောင်းအဝယ် လုပ်နေသူများထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)