Main menu

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

Powered by Drupal

                စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများသည် ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၉)၊ အခြေခံပညာ အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ၁-၇-၂၀၂၂ ရက်နေ့ နေ့လည် (၁၄း၀၀ နာရီ မှ ၁၅း၀၀ နာရီထိ) ကျင်းပပြုလုပ်ခဲ့ရာ၊ ဦးစီးမှူး ဦးမြင့်နိုင်က စားသုံးသူကာကွယ်ရေး ဥပဒေနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး၊ ဒုတိယကြီးကြပ်ရေးမှူး ဦးစိန်ဝင်းက စားသုံးသူအခွင့်အရေးများအကြောင်းကို ရှင်းလင်း‌ပြောကြားခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)