Main menu

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ဆူးပုတ်ရွက်ဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း ၊ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ် ဆူးပုတ်ရွက်များ ရောင်းချလျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ မေလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်  ဆူးပုတ်ရွက်(၁)စည်းလျှင် ၁၅၀ကျပ်၊ (၄)စည်းလျှင် ၅၀၀ကျပ်ဖြင့် ရောင်းချကြောင်း၊ ဆူးပုတ်ရွက်များသည် ကန့်ဘလူမြို့ပေါ် ရပ်ကွက်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိပြီး အကြော်ဆိုင်များမှ ဝယ်ယူအသုံးပြုသည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင် များထံမှ သိရသည်။

DOCA(စစ်ကိုင်း)