Main menu

ကန့်ဘလူမြို့နယ်၌ ရောင်းချလျက်ရှိသော ဘူးညွန့်ဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ မြို့ပေါ်ရပ်ကွက်များနှင့် နတ်ပေးကျေးရွာတွင် ဘူးပင်များစိုက်ပျိုးလျက်ရှိရာ ဘူးသီးတင်မက ဘူးညွန့်များကိုပါ ရောင်းချရ သည့်အတွက် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

     ဘူးညွန့်ဆိုတာက နွယ်တက်ပြီး အရွက်ကအစိမ်းရောင် ဖားဖားလေးတွေရှိပြီး အရွက်လေး တွေနဲ့ရိုးတံလေးတွေမှာ အမွေးဖြူပါးပါးလေးတွေပါကြောင်း၊ အရသာကနူးညံ့ပြီး လတ်လတ် ဆတ်ဆတ်ဆိုရင် အချိုအရသာရှိကြောင်း၊ ရိုးတံလေးတွေကိုရော အရွက်လေးတွေကိုပါ သေချာလေး သန့်စင်ပြီး ပြုတ်စားတာ၊ ကြော်စားတာ၊ ဟင်းချိုချက်စားတာ စသည်ဖြင့် အမျိုးမျိုးစားပေးလို့ ရကြောင်း၊ မေလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဘူးညွန့်(၁)စည်းလျှင် ၃၀၀ကျပ်၊ ဘူးညွန့်(၂)စည်းလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချရကြောင်းသိရှိရပြီး အလားတူပင် ဘူးညွန့်ကို ရောင်းချရသည့်အတွက် မိသားစုအပိုဝင်ငွေရရှိကြောင်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူ ဦးဝင်းအောင်ထံမှ သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)