
မန္တလေးမြို့၊ ၄၁လမ်းစျေးနှင့် သီရိမာလာကုန်စိမ်းဈေးတို့မှာ ဟင်းသီးဟင်းရွက်ကုန်စိမ်းများ အဓိကထားရောင်းချလျက်ရှိသည့် လက်လီ/လက္ကားစျေးများဖြစ်ပါတယ်။ ကုန်စိမ်းသီးနှံမျိုးစုံဝင် ရောက်သည့်အမယ်များအနက် စားဖိုဆောင်ဟင်းလျာတစ်မယ်ဖြစ်သည့်ချဉ်ပေါင်ရွက်နှင့်ချဉ်ပေါင် သီးမှာ အိမ်တိုင်းစားသုံးသည့်ဟင်းတစ်မျိုးဖြစ်ပါတယ်။ ချဉ်ပေါင်ပင်မှာ ရာသီမရွေးစိုက်ပျိုးသည့် ဟင်းသီးဟင်းရွက်ဖြစ်ပြီး၊ချဉ်ပေါင်ပင်မှာ တစ်ပင်လုံးအကျိုးရှိရှိသုံးနိုင်ကြောင်း သိရပါတယ်။ ချဉ်ပေါင်ဖူးကို ဟင်းအဖြစ် ကြော်စားခြင်း၊ ချက်စားခြင်း၊ထောင်းစားခြင်း၊အခြောက်ခံ၍ ချဉ်ပေါင် ဖူးရေနွေးကြမ်း အဖြစ်သောက် သုံးခြင်း၊ ယိုထိုးခြင်း၊ ချဉ်ပေါင်ဖျော်ရည်၊ ချဉ်ပေါင်ဖူးဂျယ်လီ၊ ဖျော်ရည်မှုန့်၊ရှာလကာရည်၊ဖေျာ်ရည်မှုန့်၊ သောက်ဆေးများ၊ ချဉ်ပေါင်ဖူးဝိုင်၊ ချိုချဉ်၊ တော်ဖီ၊ သရေစာမုန့်၊ မျက်နှာပေါင်းတင်မှုန့်တို့ ပြုလုပ် စားသုံး ကြကြောင်းသိရပါတယ်။ချဉ်ပေါင်ဖူးများအား စျေးကွက်အတွင်း ပြည်ချိန်ဖြင့်လည်းကောင်း၊ ပိဿာချိန်ဖြင့် လည်းကောင်းရောင်းချလျက်ရှိပြီး၊ ၂၀၂၅ ခုနှစ်မေလဒုတိယပတ်တွင် ချဉ်ပေါင်ဖူးစျေးနှုန်း အနေဖြင့် တစ်ပိဿာလျှင် လက္ကားစျေး ၃၅၀ဝိ/- နှင့် ၄၀၀ဝိ/-၊လက်လီစျေး ၄၅၀ဝိ/-နှင့် ၅၅၀ဝိ/-စျေးအသီးသီးဖြင့် ရောင်းချလျက်ရှိ ပြီး၊အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ သီရိမာလာစျေးကုန်စိမ်းလက်လီ/လက္ကားစျေးသို့ ဟင်းသီးဟင်းရွက်မျိုးစုံ ဝင်ရောက်မှုအနေဖြင့် နေ့စဉ် Canter (၆ ဘီး)(၁၂ဘီး) ယာဉ် (၄၀)စီး နှင့်(၆၀)စီးအကြား ဝင်ရောက်လျက်ရှိကြောင်းသိရပါတယ်။
DOCA(မန္တလေး)