Main menu

မန်းမြို့တွင်း တိရစ္ဆာန်အစားအစာဈေးကွက်

Powered by Drupal

   မန္တလေးမြို့တွင်းရှိ ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊မြေပဲ၊နေကြာ၊မုန်ညှင်း၊ပန်းနှမ်းများကို ဆီကြိတ်ခွဲထုတ်လုပ်ရောင်းချသည့် ဆီစက်များမှ နှမ်းဖတ်၊ပဲဖတ်၊နေကြာဖတ်၊မုန်ညှင်းဖတ်၊ ပန်းနှမ်းဖတ်များကို တိရစ္ဆာန်အစားအစာအဖြစ် ရောင်းချကြပါသည်။ ပဲဖတ်၊နှမ်းဖတ်များကို ကျွဲနွားအတွက် အစားအစာအဖြစ် ဝယ်ယူသကဲ့သို့ ဝက်စာအတွက် ပဲဖတ်၊နှမ်းဖတ်၊ပန်းနှမ်းဖတ် များကို ဝယ်ယူကြပြီး၊ ငါးမွေးမြူရေးသမားများက ပဲဖတ်၊နှမ်းဖတ်၊နေကြာဖတ်၊မုန်ညှင်းဖတ်၊ ပန်းနှမ်းဖတ်များအားလုံး အစားအစာအဖြစ် ဝယ်ယူကြပါသည်။ မန္တလေးမြို့တွင် နှမ်းဖတ်၊ ပဲဖတ်၊ နေကြာဖတ်၊ မုန်ညှင်းဖတ်၊ ပန်းနှမ်းဖတ်ဈေးနှုန်းဈေးကွက်အနေနှင့် ပဲဖတ် ၁ ပိဿာ ၄၈၀၀ ကျပ်၊ နှမ်းဖတ် ၁ ပိဿာ ၄၁၀၀ ကျပ်၊ နေကြာဖတ် ၁ ပိဿာ ၂၃၀၀ ကျပ်၊ မုန်ညှင်းဖတ် ၁ပိဿာ ၂၆၀၀ ကျပ်၊ ပန်းနှမ်းဖတ် ၁ ပိဿာ ၂၇၀၀ ကျပ်တို့နှင့် ဈေးကွက်တွင် အရောင်းအဝယ် ဖြစ်ကြောင်းသိရှိရပါသည်။

 

DOCA(မန္တလေး)