Main menu

မကွေးကုန်စည်ဒိုင်တွင် ရာသီပေါ်နှမ်းများ ဈေးကောင်းရပြီး အရောင်းအဝယ်သွက်နေ

Powered by Drupal

          ဇွန်လစတုတ္ထပတ်တွင် မကွေးကုန်စည်ဒိုင်၌ ရာသီပေါ်နှမ်းများ ဈေးကောင်းရနေကြောင်း သိရသည်။နှမ်းနက်(စမုံ)(၁၅)ပိဿာ တစ်တင်းလျှင် (၈၀၀၀ဝိ/-)၊ နှမ်းနက်(ရိုးရိုး) (၁၅)ပိဿာ တစ်တင်းလျှင် (၅၅၀၀ဝိ/-)၊ နှမ်းဖြူ (မကွေး) (၁၅)ပိဿာ တစ်တင်းလျှင်(၆၄၀၀ဝိ/-)၊ နှမ်းနီ (၁၅)ပိဿာ တစ်တင်းလျှင် (၅၈၃၃၃/-)ကျပ်၊ နှမ်းညိုကြား (၁၅)ပိဿာ တစ်တင်းလျှင် (၅၆၀၀ဝိ/-)၊ နှမ်းဖြူ(ဂျပန်) (၁၅)ပိဿာ တစ်တင်းလျှင် (၆၅၀၀ဝိ/-)တို့ဖြင့် ဈေးကောင်းရနေကြောင်း သိရသည်။

          မကွေးကုန်စည်ဒိုင်သို့  မကွေးမြို့ အရှေ့ဘက်မြို့သစ်နယ်၊ မ‌ကွေးမြို့ အနောက်ဘက်ခြမ်းရှိ မင်းဘူး၊ စလင်း၊ ပွင့်ဖြူ မြို့နယ်များမှ နေ့စဉ်အိတ် (၅၀၀)ခန့် ဝင်ရောက်လျက်ရှိကြောင်းသိရသည်။ ဒေသတွင်းနှမ်းလှော်ဖိုသမားများ၊ ဒေသတွင်းဆီစက်လုပ်ငန်းရှင်များ၊ ရန်ကုန်နှင့် မန္တလေးမြို့များရှိ ဆီစက်လုပ်ငန်းရှင်ကြီးများမှ အဝယ်သွက်လျက်ရှိပြီး ဇွန်လစတုတ္ထပတ်အတွင်း နှမ်းနက် (စမုံ)သည် တန်ချိန် ၁၀၀ ခန့်၊ နှမ်းဖြူ(မကွေး)သည် တန်ချိန် ၁၅၀ ခန့်၊ နှမ်းနက်(ရိုးရိုး)သည် တန်ချိန် ၁၀.၄၂ ခန့်၊ နှမ်းညိုကြားသည် တန်ချိန် (၁၀.၅၅)ခန့်၊ နှမ်းနီသည်တန်ချိန် (၇.၄၂)ခန့်တို့ဖြင့် အရောင်းအဝယ်သွက် လျက်ရှိကြောင်း မကွေးကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)