Main menu

ဆိပ်ဖြူ ကြက်သွန်နီ ဇွန်လ(စတုတ္ထ)ပတ်အတွင်း ဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှုအခြေအနေ

Powered by Drupal

          ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဇွန်လ(စတုတ္ထ) ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ် ဝင်ရောက်လျက်ရှိပါသည်။ တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ (၁)သောင်းခွဲခန့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ (၁)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိပြီး  မြို့ပေါ်ရှိ ကြက်သွန်ကုန်သည် သိုလှောင်ရုံများတွင် ကြက်သွန်နီပိဿာပျမ်းမျှ (၁)ပတ်အတွင်း ကုန်ချိန် (၂)သိန်းခွဲခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဇွန်လ(၂၂)ရက်မှ(၃၀)ရက်ထိ (၁)ပတ်အတွင်း ကုန်စည်ဒိုင်နှင့် သိုလှောင် ရုံများ အရောင်းအဝယ်ဖြစ်မှု စုစုပေါင်းမှာ ကြက်သွန်နီပိဿာ(၄)သိန်းခန့် ရှိကြောင်း မြို့ပေါ်ရှိ ကုန်စည် ဒိုင်အသင်းဝင်ကုန်သည်ပွဲစား(၁)ဦးထံမှ သိရှိရသည်။

          ဈေးနှုန်းဈေးကွက်အနေဖြင့် ဇွန်လစတုတ္ထ(၁)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာ ထိပ်စအမြင့် ဆုံးဈေးနှုန်းမှာ (၁၅၀၀)ကျပ် မှ (၁၂၀၀)ကျပ်ထိ ဈေးနှုန်းဖြစ်ခဲ့ပြီး အနိမ့်စအမြင့်ဆုံးဈေးနှုန်းမှာ (၁၀၀၀)ကျပ် မှ (၇၀၀)ကျပ်ထိ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ သီးနှံအရည်အသွေး များ မတူညီခြင်းကြောင့် ဈေးနှုန်းများ ကွာခြားကြောင်း၊ ယခင်(၁)ပတ် ကြက်သွန်နီ အမြင့်ဆုံးဈေးနှုန်း မှာ (၁၅၂၅)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု(၁)ပတ် အမြင့်ဆုံးဈေးမှာ (၁၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်(၁)ပတ်ထက်(၂၅)ကျပ်ခန့် ဈေးနှုန်းကျဆင်းသွားကြောင်း၊ အနိမ့်စအမြင့်ဆုံးဈေးနှုန်းမှာ ယခင်(၁)ပတ်က (၁၁၀၀)ကျပ်၊ ယခု(၁)ပတ် (၁၀၀၀)ကျပ်ဈေးနှုန်းဖြစ် ၍ (၁၀၀)ကျပ်ခန့်ကျဆင်းခဲ့ကြောင်း၊ ကြက်သွန်နီဈေးနှုန်းများ ယခင်(၁)ပတ်ထက် ဈေးအနည်းငယ် ကျဆင်းသွားရခြင်းမှာ ပြည်တွင်းဖြန့်ဖြူးမှုသာရှိပြီး ပြည်ပဝယ်လက်နည်းကြောင်း၊ ကြက်သွန်နီစိုက် တောင်သူကုန်သည်များမှလည်း ‌ဈေးငြိမ်နေ၍ ထုတ်ကုန်များကို ထိန်း၍ရောင်းချနေကြောင်း၊ ယခင် အပတ်ထက် ကုန်စည်စီးဆင်းမှု နည်းသွားကြောင်း ကုန်စည်ဒိုင်အသင်းဝင် ကုန်သည်ပွဲစားတစ်ဦးထံမှတစ်ဆင့် သိရှိရသည်။

          ဆိပ်ဖြူမြို့တွင် ကြက်သွန်နီအသစ်(၁)ပိဿာလျှင် လက်လီဈေးနှုန်းအနေဖြင့် ထိပ်စ(ရှယ်) ကျပ်(၁၆၀၀)၊ လတ်(ကြီး) ကျပ်(၁၅၀၀/၁၄၀၀)၊ လတ်(သေး) ကျပ်(၁၂၀၀/၁၁၀၀) ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် ဇွန်လစတုတ္ထ(၁)ပတ် အတွင်း ဆိပ်ဖြူမြို့မှ ရန်ကုန် ဘုရင့်နောင်ပွဲရုံသို့(၁၂)စီး၊ ပြည်မြို့(၇)စီး၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ (၅)စီး၊ မော်လမြိုင်မြို့(၂)စီး၊ မြဝတီမြို့(၅)စီး စုစုပေါင်း(၃၁)စီးခန့် (၆/၁၂/၂၄)ဘီး မော်တော်ယာဉ် များဖြင့် ကြက်သွန်နီပျမ်းမျှပိဿာ(၄)သိန်း၊ တန်ချိန်(၂)သောင်းခွဲခန့် ကုန်စည် စီးဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)