Main menu

ဟားခါးမြို့အတွင်း အခြေခံစားသုံးဆီဈေးနှုန်းများ

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် အခြေခံစားသုံးဆီများ ဖြန့်ဖြူး ရောင်းချရာတွင် ဈေးနှုန်းများ မှန်ကန်မှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်ရေးလုပ်ငန်းများကို စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်းပြီး လစဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိပါသည်။

        ဟားခါးမြို့သည် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများနှင့် နယ်မြေလုံခြုံရေးအခြေအ နေများကြောင့် အခြေခံစားသုံးဆီဈေးနှုန်းများအနေဖြင့် ၂၀၂၁ခုနှစ်၊ ဇူလိုင်လအတွင်း ပျှမ်းမျှအားဖြင့် ဆီသန့်(မကွေးတံဆိပ်) တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊  မြေပဲဆီ(အမေထွားတံဆိပ်၊မကွေး) တစ်ပိဿာလျှင် (၇၀၀၀ )ကျပ်၊ နေကြာဆီ (မေသမာဓိ၊ကလေး) တစ်ပိဿာလျှင်(၄၅၀၀)ကျပ်အထိ ဈေးနှုန်းများရှိခဲ့ပါသည်။ ၂၀၂၂ခုနှစ်၊ ဇူလိုင်လအတွင်း ဆီသန့်(မကွေးတံဆိပ်) တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ မြေပဲဆီ(အမေထွား တံဆိပ်၊မကွေး) တစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ နေကြာဆီ (မေသမာဓိ၊ကလေး) တစ်ပိဿာလျှင် (၇၈၀၀)ကျပ်အထိ ဈေးနှုန်းများ  ပိုမိုမြင့်တက်လာသည်ကို နှိုင်းယှဉ်တွေ့ရပါသည်။

DOCA(Chin)