ကလေးမြို့နယ်တွင် ( ၆/၂၀၂၂ ) လ အတွင်း စပါးတင်းရေ ( ၂၅၀၀၀ ) ခန့် ကြိတ်ခွဲရပြီး ပျမ်းမျှ တစ်ရက်လျှင် စပါး ( ၁၅၀၀ ) တင်း ကြိတ်ခွဲလျက်ရှိပါကြောင်း၊ စပါး တစ်တင်း ကြိတ်ခွဲခ ( ၆၀၀ ) ကျပ်ဖြင့် ကြိတ်ခွဲပါသည်။ စပါးများကို ကလေးမြို့နယ် တစ်ဝိုက် ကျေးရွာများမှ ဝယ်ယူပြီး မော်လိုက်မြို့နှင့် ကလေးဝမြို့နယ်များမှလည်း ဝယ်ယူကြိတ်ခွဲလျက်ရှိပါကြောင်း သိရှိရပါသည်။
စပါးဈေး၊ ဆန်ဈေးနှုန်းများ ထူးခြားမြှင့်တက်မှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ငစိန်စပါး ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၈၀၀၀ ) ကျပ်၊ ဧည့်မထစပါး ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၈၀၀၀ ) ကျပ်၊ ဧရာမင်းစပါး ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၁၀၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများရှိပြီး ဆန်ဈေးနှုန်းများအနေဖြင့် ငစိန်ဆန် ( ၂၄ ) ပြည်တစ်အိတ်လျှင် ( ၂၆၅၀၀ ) ကျပ်၊ ဧည့်ဆန် ( ၂၄ ) ပြည်တစ်အိတ်လျှင် ( ၂၇၀၀၀ ) ကျပ်၊ ဧရာမင်းဆန် ( ၂၄ ) ပြည်တစ်အိတ်လျှင် ( ၃၇၀၀၀ ) ကျပ် ဈေးနှုန်းဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရှိရပါသည်။
ယခုနှစ်တွင် ဖွဲနု ( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၁၁၀၀၀ ) ကျပ်၊ ဆန်ကွဲ၊ ဆန်လတ် ( ၂၄ ) ပြည်တစ်အိတ်လျှင် ( ၂၅၀၀၀ ) ကျပ် ဈေးနှုန်းဖြင့် ရောင်းချရသည့်အတွက် ကုန်ကြမ်းပစ္စည်းများ ဖြစ်သည့် ဖွဲ၊ ဆန်ကွဲများ ယခုနှစ်တွင် ဈေးနှုန်းရရှိကြောင်း ဆန်စက်အသင်းဥက္ကဌ ဦးဆွေဝင်းထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)