ကလေးမြို့နယ်အနေဖြင့် ( ၆/၂၀၂၂ ) လအတွင်း စားဖိုဆောင်သီးများဖြစ်သည့် ငရုတ်၊ ကြက်သွန်၊ အာလူး၊ နနွင်း ဈေးနှုန်းများအနေဖြင့် ငရုတ်ခြောက်တစ်ပိဿာ ( ၁၀၀၀၀ ) ကျပ်၊ ကြက်သွန်ဖြူ ( ရှမ်း ) တစ်ပိဿာ ( ၃၀၀၀ ) ကျပ်၊ ကြက်သွန်ဖြူ ( ကြူကုတ် ) တစ်ပိဿာ ( ၆၀၀၀ ) ကျပ်၊ နနွင်း တစ်ပိဿာ ( ၄၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများ ဖြစ်ပေါ်ခဲ့ပြီး လဆန်းပိုင်းတွင် အာလူးတစ်ပိဿာ ( ၂၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းရှိပြီး လကုန်ပိုင်းတွင် ( ၂၂၀၀ ) ကျပ် ပေါက်ဈေး ရှိသည့်အတွက် တစ်ပိဿာလျှင် ( ၂၀၀ ) ကျပ် ဈေးနှုန်းမြှင့်တက်မှု ဖြစ်ပေါ်ခဲ့ပါသည်။ ကြက်သွန်နီ ဈေးနှုန်းမှာ လဆန်းပိုင်းတွင် တစ်ပိဿာ ( ၁၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းသာရှိပြီး လကုန်ပိုင်းတွင် ( ၁၇၀၀ ) ကျပ် ဈေးနှုန်းဖြစ်ပေါ်သည့်အတွက် ( ၇၀၀ ) ကျပ် ဈေးနှုန်းမြှင့်တက်ခဲ့ပါသည်။
စားအုန်းဆီဈေးနှုန်းအနေဖြင့် တစ်ပိဿာ ( ၇၂၀၀ ) ကျပ်မှ ( ၈၀၀၀ ) ကျပ် ဈေးနှုန်းထိ ဖြစ်ပေါ်ခဲ့သည့်အတွက် တစ်ပိဿာလျှင် ( ၈၀၀ ) ကျပ် ဈေးနှုန်း မြှင့်တက်ခဲ့ပြီး ကျန်ကုန်စည်များ ထူးခြားမြှင့်တက်မှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း ကလေးမြို့နယ်၏စားဖိုဆောင်သီးနှံ ရောင်းချသူများထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)