Main menu

ရွှေဘိုမြို့တွင် စားသုံးဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

             မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းခွဲမှ စားအုန်းဆီများရောင်းချပေးရန် တင်ပြမှုအား အထက်ဌာန၏ညွှန်ကြားမှုဖြင့် ကုမ္ပဏီအလိုက် ဆီလက်ကျန်အပေါ် ခန့်မှန်းတွက်ချက်၍ စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ရွှေဘိုခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီပေပါ (၇၀) ဝယ်ယူရရှိခဲ့ပါသည်။ အဆိုပါဝယ်ယူရရှိခဲ့သည့် စားအုန်းဆီပေပါ(၇၀)အား ရွှေဘိုမြို့ပေါ်ရှိ စားသုံးဆီ လက်ကားကုန်သည်(၈)ဦးမှ (၃.၇.၂၀၂၂)ရက်နေ့နှင့် (၄.၇.၂၀၂၂)ရက်နေ့များတွင်  ရွှေဘိုမြို့၊ အမှတ်(၉) ရပ်ကွက်ရှိ အောင်ဇေယျဈေးအနီး၊ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးအနီး၊ အမှတ်(၈)ရပ်ကွက်ရှိ အောင်ချမ်းသာဈေးအနီးနှင့် အမှတ်(၆)ရပ်ကွက်ရှိ ထိပ်တန်းဈေးအနီးတွင် စားသုံးသူများအလွယ်တကူ ဝယ်ယူနိုင်ရန်အတွက် ဆီအရောင်းကားများဖြင့် ရောင်းချရန်ကြေငြာထားသည့်နေရာအရောက် သွားရောက် ရောင်းချမှုများအား စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး၊ ရွှေဘို မြို့နယ်တာဝန်ခံနှင့် ရွှေဘိုခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

          ရောင်းချရာ၌ စားအုံးဆီတစ်ပိဿာလျှင်(၆၀၀ဝိ/-)နှုန်းဖြင့် စားသုံးသူတစ်ဦးလျှင် တစ်ပိဿာနှုန်း ရောင်းချပေးလျက်ရှိပြီး  ရွှေဘိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌထံတင်ပြ၍ ရောင်းချခြင်းဖြစ်သည့် အတွက် နေရာအလိုက် စားသုံးသူပြည်သူများ စည်ကားသိုက်မြိုက်စွာ တန်းစီ၍ဝယ်ယူကြကြောင်း လက်လီဈေးကွက်အတွင်း ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းမရှိဘဲ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့် ရောင်းချသည်ကို စိစစ်တွေ့ရှိရပြီး (၆.၇.၂၀၂၂)ရက်နှင့် (၇.၇.၂၀၂၂)ရက်နေ့များတွင် ကုမ္ပဏီအသီးသီးမှ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များအလိုက်  ရောင်းချပေးသည့်အစီအစဉ်မှ ရွှေဘိုခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအတွက်ရရှိမည့် စားအုန်းဆီများအား စားသုံးသူ ပြည်သူများထံ ဆက်လက်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)