
သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျက်ရှိရာ ယခုတစ်ပတ်(၁၆.၅.၂၀၂၅) ရက်နေ့တွင် ဒီဇယ်၊ ဓါတ်ဆီ(ရိုးရိုး)(အဆင့်မြင့်) တို့၏ ဈေးနှုန်း ပြောင်းလဲမှုမှာ 95 Octance ဓါတ်ဆီ(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၈၀၅ ကျပ်၊ 92 Octance ဓါတ်ဆီ (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၇၅၀ ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီ တာမှာ ၂၃၂၀ ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၈၅၅ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်တစ်ပတ် သောကြာနေ့ ဒီဇယ်၊ ဓါတ်ဆီ (ရိုးရိုး) (အဆင့်မြင့်) တို့၏ ဈေးနှုန်းမှာ 95 Octance ဓါတ်ဆီ (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၈၈၅ ကျပ်၊ 92 Octance ရိုးရိုးဓါတ်ဆီဈေးနှုန်း တစ်လီတာမှာ ၂၈၂၅ ကျပ်၊ ဒီဇယ် (ရိုးရိုး) ဈေးနှုန်းတစ်လီတာ မှာ ၂၄၁၅ ကျပ်၊ ဒီဇယ်အဆင့် မြင့်ဈေးနှုန်းတစ်လီတာမှာ ၂၉၈၀ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခုတစ်ပတ်အတွင်း စက်သုံးဆီဈေးနှုန်းများမှာ ဈေးနှုန်း ကျဆင်းလျက်ရှိပါသည်။
DOCA (ရန်ကုန်)