Main menu

၂၀၂၅-၂၀၂၆ ခုနှစ်တွင် ကမ္ဘာ့ဒုတိယအကြီးမားဆုံးဆန်တင်သွင်းသူဖြစ်လာနိုင်သည့် ဗီယက်နမ်

Powered by Drupal

    ဗီယက်နမ်သည်ပြည်တွင်းဆန်ထုတ်လုပ်မှုကျဆင်းပြီး ပို့ကုန်ဝယ်လိုအားကိုဖြည့်စည်းရန် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင်၏နောက် ကမ္ဘာ့ဒုတိယအကြီးမားဆုံးဆန်တင်သွင်းဖြစ်လာရန် ခန့်မှန်းရကြောင်း အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန(USDA) ၏ အဆိုအရ သိရပါသည်။ USDA က ဗီယက်နမ်သည် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၄ သန်းနှင့် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဆန်တန်ချိန် ၄.၁ သန်း တင်သွင်းရန်ခန့်မှန်းရပြီး ဗီယက်နမ်ဆန်ကို အစဉ်အဆက်ဝယ်ယူသူ ဖြစ်သည့် ဖိလစ်ပိုင်သည် နှစ်စဉ် တန်ချိန် ၅.၅ သန်းဖြင့် ကမ္ဘာ့အကြီးမားဆုံးဆန်တင်သွင်းသူ ဖြစ်နိုင်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည် ထိုင်းနိုင်ငံကိုကျော်ဖြတ်ကာ ကမ္ဘာ့ဒုတိယအကြီးမားဆုံးဆန်တင်ပို့သူဖြစ်လာနိုင်ကြောင်း သိရပါသည်။ ၎င်းတို့သည် ၂၀၂၄-၂၀၂၅ ခုနှစ်နှင့် ၂၀၂၅-၂၀၂၆ ခုနှစ် နှစ်ခုလုံးတွင် ဆန်တန်ချိန် ၇.၉ သန်းတင်ပို့ရန် ခန့်မှန်းရပြီး ထိုင်း၏တင်ပို့မှု တန်ချိန် ၇ သန်းနှင့် ၇.၂ သန်း ကိုကျော်ဖြတ်နိုင်ကြောင်း သိရပါသည်။ အိန္ဒိယ သည်လည်း ကမ္ဘာ့အကြီးမားဆုံးဆန်တင်ပို့သူအဖြစ် ဆက်လက်ရပ်တည်ရန်ခန့်မှန်းရပြီး နှစ်စဉ် ထုတ်လုပ်နိုင်စွမ်းမှာ တန်ချိန် ၂၄ သန်းပတ်လည်ရှိကြောင်း သိရပါသည်။ USDA ၏ အဆိုအရ ဗီယက်နမ်ဆန်စိုက်ပျိုးသူများသည် အခြားအကျိုးအမြတ်ပိုမိုရရှိသည့် သီးနှံများကို ပြောင်းလဲ စိုက်ပျိုးသောကြောင့် နိုင်ငံ၏ ဆန်စိုက်ပျိုးသည့်ဧရိယာနှင့် ထုတ်လုပ်မှုမှာ ကျဆင်းရန်ခန့်မှန်းရ ကြောင်း သိရပါသည်။ တင်ပို့လိုအားကိုဖြည့်စည်းရန် ဗီယက်နမ် ဆန်တင်ပို့သူများနှင့် ဆန်စက် လုပ်ငန်းရှင်များက ကမ္ဘောဒီးယားထံမှ စပါးများဝယ်ယူလျှက်ရှိကြောင်း သိရပါသည်။ စပါးသည် ဗီယက်နမ်တင်သွင်းမှု၏ ၇၇ ရာခိုင်နှုန်းရှိပြီး အများအားဖြင့် ကမ္ဘောဒီးယားမှဝယ်ယူကြောင်း သိရပါသည်။ အိန္ဒိယသည်လည်း ဗီယက်နမ်ဆန်တင်သွင်းမှုအများစုကို ရောင်းချပေးလျှက် ရှိကြောင်း သိရပါသည်။ ဗီယက်နမ်အစားအသောက်အသင်း၏ ဥက္ကဌဖြစ်သူ Do Ha Nam ကဗီယက်နမ်၏ဆန်တင်သွင်းမှုများသည် ပြည်တွင်းဆန်ပြတ်တောက်မှုကြောင့် မဟုတ်ကြောင်း နှင့် နိုင်ငံက အဓိကဆန်တင်သွင်းမှုများသည် တစ်ဖန်ပြန်လည်တင်ပို့ရန်နှင့် ခေါက်ဆွဲ၊ ကြာဇံနှင့် rice paper (ဗီယက်နမ်ကော်ပြန့်ရွက်) အစရှိသည့် ပြုပြင်ထုတ်လုပ်ထားသည့်ထုတ်ကုန်များ အတွက် တင်သွင်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။  အချက်အလက်များအရ ဗီယက်နမ် သည် ၂၀၂၅ ခုနှစ်၏ ပထမ ၂ လတာကာလတွင် ဆန်တန်ချိန် ၆၀၀၀၀၀ နှင့် ညီမျှသော စပါး တန်ချိန် ၁.၁ သန်းပတ်လည်တင်သွင်းခဲ့ကြောင်း သိရပါသည်။ ယခင် ဟနွိုင်း ကုန်သွယ်ရေးဦးစီး ဌာန၏ ဒုတိယညွှန်ကြား‌ရေးမှူးဖြစ်သူ Vu Vinh Phu က ရာသီဥတုပြောင်းလဲမှုနှင့် ကုန်သွယ်ရေး ယှဉ်ပြိုင်မှုများမှ စိန်ခေါ်မှုများရှိနေသော်လည်း ဗီယက်နမ်၏ ဆန်တင်ပို့မှုသည် အနည်းဆုံး နောက်ငါးနှစ်ခန့်ဆက်လက်မြင့်တက်ရန်မျှော်မှန်းရကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၄ခုနှစ်တွင် ဗီယက်နမ်သည် စံချိန်တင်ဆန်တန်ချိန် ၉.၀၄ သန်းတင်ပို့ရာမှဝင်ငွေ အမေရိကန် ဒေါ်လာ ၅.၇ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါကပမာဏတွင် ၁၁ ရာခိုင်နှုန်း မြင့်တက် ခဲ့ကာ တန်ဖိုးတွင် ၂၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့ သည် ၂၀၂၄ ခုနှစ်တွင် ဆန်တန်ချိန် ၃.၇ သန်းတင်သွင်းခဲ့ကြောင်း သိရပါသည်။

Vietnam Plus

DOCA (ရန်ကုန်)