Main menu

စစ်တွေမြို့ အထက(၂)ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

Powered by Drupal

             ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန စစ်တွေမြို့တာဝန်ခံ ဦးသိန်းအောင် (ဦးစီးမှူး) နှင့် ဝန်ထမ်းများသည်   FDA၊ စည်ပင်၊ ကျန်းမာရေး၊ မွေးကုဌာနတို့နှင့်ပူးပေါင်းပြီး (၄.၇.၂၀၂၂) ရက်နေ့ နံနက်(၁၁:၀၀)နာရီမှ နေ့လည်(၁၂:၃၀)အချိန်ထိ စစ်တွေမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။

           အဆိုပါအသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန စစ်တွေမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ဉပဒေ(၂၀၁၉)ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေး(၈)ချက်၊ အခန်း(၁၈) ပုဒ်မ(၄၁)အရ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြခြင်းနှင့်ပတ်သက်၍ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များအားလည်းကောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိမှုအား အလေးထားသတိပြုသင့်ကြောင်းနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအား အသိပညာပေး ဟောပြောခဲ့ပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒေါက်တာနိုင်နိုင်လင်းက ယင်နားစာများအား စားသုံးခြင်းမပြုရန် အဖုံးအကာဖြင့် ဖုံးအုပ်ထားသော ကျန်မာရေးနှင့် ညီညွတ်သော အစားအစာများအား ရွေးချယ်ဝယ်ယူစားသုံးကြရန် ပြောကြားခဲ့ပါသည်။ အသိပညာပေး ဟောပြောပွဲသို့    ကျောင်းသား/သူ (၂၀၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ကျောင်းမုန့်ဈေးတန်းအား စစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)