Main menu

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော ဘုရားပန်းများ

Powered by Drupal

          ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုး ဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း(ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များ၊ ခရေပန်း၊ စံပါယ်ပန်း၊ စကားဖြူပန်း၊ စကားဝါပန်းနှင့် အာဆီယံသပြေ တို့ကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ မေလ(စတုထ္ထပတ်)တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ် နေသော ဘုရားပန်းအမျိုးမျိုး၏ ဈေးနှုန်းများမှာ ဂန္ဓမာ(အပွင့်ကြီး)တစ်စီးလျှင်(၃၅၀၀)ကျပ် ၊ ဂန္ဓာမာပန်း(အပွင့် သေး)တစ်စီးလျှင်(၁၀၀၀)ကျပ်၊ သပြေပန်း အငုတ်(အသေး၊အကြီး) အရွယ်အစား အလိုက် (၂၅၀၀/ ၃၀၀၀/၃၅၀၀/၅၀၀၀)ကျပ်၊ အောင်သပြေအခက် တစ်စီးလျှင်(၁၂၀၀)ကျပ်၊ အာစီယံသပြေ အခက် တစ်စီး လျှင်(၅၀၀)ကျပ်၊ မေမြို့ပန်း တစ်စီးလျှင်(၁၀၀၀)ကျပ်၊ နှင်းဆီပန်း တစ်ပွင့်လျှင်(၅၀၀)ကျပ်၊ စပါယ်ပန်း တစ်ကုံးလျှင်(၁၀၀)ကျပ်၊ ခရေပန်း တစ်ကုံးလျှင်(၂၅၀)ကျပ်၊ စကားဝါပန်း တစ်ကုံး (၃၀၀)ကျပ်၊ စကားဖြူပန်း တစ်ကုံးလျှင်(၃၀၀)ကျပ်နှင့် ကျောက်စိမ်းပန်း(၁) စီးလျှင် (၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)