Main menu

စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ ခုနှစ် ဇူလိုင်လ( ၄)ရက်နေ့ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့ ပြုံးပြုံးရွှင်စက်သုံးဆီ အရောင်းဆိုင်၌ စက်သုံးဆီ အရောင်းဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်ခဲ့ရာ လုပ်ငန်းရှင်စုစုပေါင်း(၆) ဦး တက်ရောက်ခဲ့ပါသည်။

        အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ကယားပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်မှ စက်သုံးဆီဆိုင်များအားစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ် ရေးကော်မတီမှ သတ်မှတ်ထားသောနှုန်းထားများ အတိုင်းရောင်းချကြရန်၊ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့်အလေးချိန်မှန်ကန်မှုရှိစေရန်၊ အရည်အသွေးပြည့်မီ မှန်ကန်သည့် ပစ္စည်းများ ဈေးကွက်အတွင်း တင်သွင်းဖြန့်ဖြူးရောင်းချရန်နှင့် ပြည်နယ်အတွင်း စက်သုံးဆီမပြတ်လပ်ရေးနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်းရောင်းချစေရေး၊ သတ်မှတ်ချက်နှင့်မကိုက်ညီသည့် စက်သုံးဆီအရောင်းဆိုင်များ ဈေးကွက်တွင်းစစ်ဆေးတွေ့ရှိပါက ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ အရေးယူခံရနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စက်သုံးဆီအရောင်းဆိုင်များမှလည်း စက်သုံးဆီ ရောင်းချမှုအခြေအနေးများကို အသီသီးတင်ပြဆွေးနွေးခဲ့ကြောင်း၊ ယနေ့အချိန်ထိ ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိဘဲ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေကြောင်း သိရပါသည်။

DOCA(ကယား)