Main menu

မြိတ်မြို့ပေါ်ရှိရာသီပေါ်မက်မွန်သီးဈေးကွက်

Powered by Drupal

          မက်မွန်သီးဈေးကွက်သည် မြိတ်မြို့ပေါ်တွင် အခြားသီးနှံများအတိုင်း ရာသီအလိုက် အရောင်းအဝယ်ကောင်းလျက်ရှိပါသည်။ အဓိကအားဖြင့် ဧပြီလမှ အောက်တိုဘာလတွင် စိုက်ပျိုးသီးပွားပြီး ရာသီအလိုက်ဈေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။ မှတ်ဉာဏ်အားကောင်းပြီး အယ်လ်ဇိုင်းမားရောဂါ ၊ဆီးချို၊ သွေးတိုးနှင့်နှလုံးရောဂါ ဝေဒနာသည်များအတွက် အထူးအထောက်အပံ့ပေးသော သီးနှံတစ်မျိုးဖြစ်သည်။ သူ့ရဲ့အရောင်မှာ ခရမ်းရောင်ရှိ၍ ချိုချိုချဉ်ချဉ်အရသာရှိသည်။ ရာသီပေါ်သီးနှံများကိုစည်ကားစွာ ရောင်းချလျက်ရှိသော မြိတ်မြို့ပေါ်ရှိ ဆိပ်ငယ်စျေးကြီး၊ သစ်သီးဆိုင်တန်း တစ်လျှောက်တွင် မက်မွန်သီး တစ်ကီလိုလျှင် (၉၀၀၀)ကျပ်နှင့် ကီလိုဝက်လျှင်(၄၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)