Main menu

ရွှေဘိုဈေးကွက်တွင် ပဲနီပြားနှင့် ပဲနီလုံးဈေးဈေးငြိမ်နေ

Powered by Drupal

             စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲနီပြားစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှ စတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲနီပြားများကို မန္တလေးတိုင်း ဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း မေလ၊ တတိယအပတ်တွင်ရောင်းချသည့် ပဲနီပြားဈေးနှုန်းမှာ (၁)ပြည်လျှင်(၈၆၀ဝိ/-) ကျပ်နှင့် တစ်တင်းလျှင်(၁၃၇၆၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲနီပြား(၁)ပြည်လျှင် (၈၆၀ဝိ/-)ကျပ် ပေါက်ဈေး ရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း တူညီပြီးဈေးငြိမ်နေ ကြောင်း၊ အလားတူပင် ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲနီလုံးများကို ဒေသတွင်း၌ ဧကအလိုက်စိုက်ပျိုးမှုမရှိသော်လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးထွက်ရှိသည့် ပဲနီလုံးများနှင့် မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း မေလ၊ တတိယအပတ်တွင်ရောင်းချသည့် ပဲနီလုံး ဈေးနှုန်းမှာ(၁)ပြည်လျှင် (၆၈၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင် (၁၀၈၈၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ် နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲနီလုံး (၁)ပြည်လျှင်(၆၈၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)