
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်တွင် နှစ်ရှည်အပင်ကို အများဆုံး စိုက်ပျိုး လျက်ရှိပြီး ရာသီပေါ်သီးနှံများကို ကျေးရွာများအချို့တွင် စိုက်ပျိူးလျက်ရှိရာ ခရမ်းချဉ်သီးများကို ရာသီမရွေး တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး ခရမ်းချဉ်သီးသည် လူကြိုက်များသော သီးနှံတစ်မျိုးလည်းဖြစ်ပါသည်။
ခရမ်းချဉ်သီးကိုစိုက်ခင်းများမှ ကော့သောင်းမြို့ပေါ်ရှိ စည်ပင်သာယာစျေးကြီးများ အတွင်းသို့ သွားရောက်၍ရောင်းချကြပြီး မေလနှင့် ဧပြီလစျေးနှုန်း နှိုင်းယှဉ်ပါက စျေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပြီး ခရမ်းချဉ်သီး တစ်ပိဿာ လျှင်(၃၀၀၀-၃၂၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)