Main menu

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ ဈေးပိုင်းရပ်ကွက် ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့နယ်တာဝန်ခံဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍ (၄.၇.၂၀၂၂)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်က ကျုံမငေးမြို့၊ဈေးပိုင်းရပ်ကွက် ရှိ ကုန်မျိုးစုံဆိုင်များသို့ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဝါးခယ်မမြို့နယ်၊  ကျုံမငေးမြို့၊ ဈေးပိုင်းရပ်ကွက် ရှိ ကုန်မျိုးစုံရောင်းချနေသောဆိုင်ပိုင်ရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉ ပါ ပြဌာန်း ချက်များအရ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေခန်း(၂၃)ပါတားမြစ်ချက်များ၊  ဥပဒေခန်း(၂၄)ပါပြစ်မှုပြစ်ဒါဏ်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁၊ ပုဒ်မခွဲ(ခ) နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ မိမိတို့ရောင်းချနေသော  ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဌာနအနေဖြင့် အပတ်စဉ်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်များအား အသိပေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)