Main menu

ညောင်တုန်းမြို့ အ.ထ.က ၂ ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

               ဧရာဝတီတိုင်း‌‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်၊ ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၅.၇.၂၀၂၂) ရက်နေ့  (၁၀:၁၅) မှ (၁၁:၅၀)နာရီအချိန်ထိ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ညောင်တုန်း အ.ထ.က-၂ စာသင်ကျောင်း တွင် ကျောင်းသား/ ကျောင်းသူ ဆရာ/ ဆရာမ (၂၀၈) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအကြောင်း ရှင်းလင်းပြောကြားပြီး စားသုံးသူများ၏ အခွင့်အရေးအကြောင်း စီးပွားရေးလုပ်ငန်းရှင် တာဝန်များအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲမှ ကျောင်းသား/သူများနှင့် ဆရာ/ဆရာမများက သိရှိလိုသည်များကို မေးမြန်းကြရာအပြန်အလှန် ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)