
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ဈေးကွက်အတွင်းသို့ ထားဝယ်မြို့နယ် အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဒေသအသီးသီးမှ သံပုရာသီးများ လာရောက် ရောင်းချလျက်ရှိရာ ထားဝယ်မြို့ပေါ်ရှိ ကမ်းနားပျံကျစျေး၊ စည်ပင်သာယာစျေးကြီး၊ ဒေါင်းငူရပ်ရှိ ညောင်ပင်ကြီးညနေစျေး၊ ကမ်းနားလမ်းညစျေးတန်းတို့တွင် သံပုရာသီးအရွယ်အစားအပေါ် မူတည်၍ တစ်လုံးလျှင်(၁၀၀ မှ ၁၅၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး ယခင်လနှင့်နှိုင်းယှဥ်ပါက စျေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)