Main menu

ပန်းတနော်မြို့နယ် အင်းမကျေးရွာ ဓမ္မာရုံတွင် ကျေးလတ်နေပြည်သူများအား စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောကျင်းပ

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အင်းမကျေးရွာ ဓမ္မာရုံတွင် ပြည်သူ (၃၂)ဦးအား (၅.၇.၂၀၂၂) ရက်နေ့နံနက် (၀၉:၃၀)အချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

          ၎င်း ဟောပြောပွဲတွင် ပန်းတနော်မြို့နယ်၊ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းစိုးမှ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများလိုက်နာရမည့် တာဝန်များအကြောင်း၊  စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည် /ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေး အသိပညာပေးခြင်းများ၊ စားသုံးသူတို့အနေဖြင့်ကုန်စည်ကို ရွေးချယ်ဝယ်ယူစားသုံးရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ကုန်စည်အမျိုးအစားကို ရွေးချယ်ဝယ်ယူ တက်စေရန်နှင့် နစ်နာဆုံးရှုံးမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center 1535 သို့ ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသော ပြည်သူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ဦးစီးမှူးမှ အပြန်အလှန် ရှင်းလင်းဖြေကြားပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)