
ရာသီဥတုပူလာသည်နှင့်အမျှ ရေဓာတ်ပါဝင်မှု များစွာပါ၍ နွေရာသီ အစားအစာဖြစ်သော အရည်ရွမ်းသည့် ဖရဲသီးများ၊ ကလေးမြို့ သစ်သီးဈေးကွက်အတွင်းသို့ ဝင်ရောက်လာပါသည်။ ဖရဲသီးကို အမောပြေစေရန်၊ ရေဓာတ်ပြန်လည် ဖြည့်တင်းရန်နှင့် အမောပြေစေခြင်းတို့ကြောင့် ကလေး၊ လူကြီးနှစ်ခြိုက်စွာ သုံးဆောင်ကြသည့် အသီးတစ်မျိုးဖြစ်ပါသည်။
ဈေးကွက်သို့ စတင်ဝင်ရောက်စတွင် အလုံးသေးတစ်လုံး( ၅၀၀၀ )မှအလုံးလတ်(၇၀၀၀) မှ ( ၈၀၀၀ )၊ အလုံးကြီး ( ၁၅၀၀၀ ) မှ ( ၁၈၀၀၀ ) ဈေးနှုန်းဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိပါသည်။ ဖရဲသီးဈေးကွက်သည်တစ်နှစ်လှျင်( ၄ )လခန့် အရောင်းအဝယ် ဖြစ်ပြီးသင်္ကြန်ကာလတွင် ဘုန်းကြီးကျောင်းများ၌ ဒုလ္လဘရဟန်းများ ရောကီများ၊ သီလရှင်များ ဝတ်ကြပြီး ဆွမ်းပွဲပြင်ရာတွင် အချိုပွဲဘောဇဉ်တွင် ဖရဲသီးများကို မပါမဖြစ်အမြဲပါသည့် အသီးပင် ဖြစ်ပါသည်။ နှစ်စဉ်မတ်လမှ ဧပြီလများတွင် အသီးလှိုင်ပြီး မြို့ပေါ်ဈေးကွက်သို့ ထော်လာဂျီ ကားသေးလေးများဖြင့် မြို့ပေါ်၊ရပ်ကွက်များသို့ လှည့်လှယ်ရောင်းချကြပါသည်။
ဖရဲသီးစိုက်ပျိုးတောင်သူများအနေဖြင့်ယခင်လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သောကာလများက ချင်းတောင်ဒေသများ၊အခြားမြို့နယ်များသို့ ကုန်သည်များမှ ကားအစီးလိုက်တင်ပို့ရောင်းချမှု့ များရှိခဲ့သော်လည်း ယခုအခါတွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့်၊ကလေးမြိုနယ် တွင်းသာ အနည်းငယ်ရောင်းချရလျက်ရှိပါကြောင်း ၊လက်ရှိ စျေးကွက်အတွင်း ဖရဲသီး အလုံးသေး (၁ )လုံး( ၂၀၀၀ )ကျပ်၊ အလုံးလတ်( ၄၀၀၀ ) မှ( ၅၀၀၀ )၊ အလုံးကြီး( ၁ )လုံး( ၈၀၀၀ ) မှ (၁၀၀၀၀)ကျပ် စျေးနှုန်းဖြင့်၊ ရောင်းချလျက်ရှိပါကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)