
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီစာ ထန်းသီးများ ဈေးကွက်သို့ ရောက်ရှိကာ အရောင်းသွက်နေကြောင်း သိရပါသည်။ ထန်းသီးဆိုသည်မှာ အညိုရောင်ရှိသော ထန်းသီး၏အထဲ၌ ပါရှိသောအဆံများပဲ ဖြစ်ပါသည်။ ထန်းသီးတစ်လုံးတွင် ထန်းသီးအဆံမှာ (၃/၄)ခုလောက် ပါရှိပါသည်။ ထန်းသီးတစ်လုံး၏ လုံးပတ်လည်မှာ (၄)လက်မမှ (၇)လက်မအထိရှိပါသည်။ ထန်းသီးအဆံ၏ အခွံအရောင်မှာ အဝါရောင်သန်းနေပြီး အတွင်းထဲတွင် အဖြူရောင် အသားရှိပါသည်။
လူများသည် ထန်းသီးနုနုလေးများအား သဘာဝအတိုင်းစားသလို၊ သကြား၊ ဆားအနည်း ငယ်ဖြင့်ရော၍ ဖျော်ရေအဖြစ်သောက်သုံးကြသလို ထန်းသီးကျောက်ကျော ပြုလုပ်၍လည်းကောင်း၊ မုန့်နှစ်နှင့်ရော၍ ကြော်စားကြပါသည်။ ထန်းသီးဆံနုနုသည် အေးချိုဖန်သော အရသာရှိပြီး စားလိုက်လျှင် ဆိမ့်ဆိမ့်လေးဖြင့် အလွန်စားကောင်းစေပါသည်။ ယခုလိုနွေရာသီတွင် ထန်းသီး စားပေးခြင်းဖြင့် မိတ်ကြောင့် ယားယံခြင်း သက်သာစေပါသည်။ နေပူဒဏ်ကြောင့် ရေဓါတ်ကုန်ဆုံးမှု များတတ်သဖြင့် ထန်းသီးဆံနုနုလေးများအား စားပေးခြင်းဖြင့် ရေဓါတ်ကို ပြန်လည်ဖြည့် တင်းပေးပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ အညာဒေသတွင် ထန်းသီးပင်များ ပေါများသကဲ့သို့ ကျေးရွာ၊ မြို့နယ်များတွင် စိုက်ပျိုးခြင်း၊ အလေ့ကျပေါက်ရောက်သည့် ထန်းပင်းများလည်းရှိပါသည်။ ထန်းသီးကို ထန်းပင်အမမှရရှိပြီး၊ ထန်းရည်ကို ထန်းပင်ဖိုမှ ရရှိကြောင်းသိရပါသည်။ ထန်းသီးနုနုလေးများကို ယခုအချိန်ဖြစ်သော မေလတွင် ဈေးကွက်သို့ရောင်းချသဖြင့် လူအများဝယ်ယူစားသုံးကြပါသည်။ တစ်နှစ်မှာ တစ်ခါသာ စားရသည့် အသီးဖြစ်၍ ထန်းသီးကို ဈေးကွက်တွင် ရောင်းချရာ အလုံးလိုက်ရောင်းသလို ထန်းသီးအိမ်မှထုတ်၍လည်း ထန်းသီးဆံ နုနုများကို ရောင်းချကြောင်းသိရပါသည်။ ဈေးကွက်တွင်ရောင်းချသည့် ထန်းသီးဈေးနှုန်းများမှာ ထန်းသီးအလုံးတစ်လုံးလျှင် (၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ တစ်ထောင်ဖိုး(၃)လုံးဖြင့်လည်းကောင်း၊ ထန်းသီးအိမ်ထဲမှ ထုတ်ထားသော ထန်းသီးအစေ့မှာ တစ်စေ့လျှင် (၁၅၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)