Main menu

မေလ တတိယပတ်တွင် ဖြစ်ပေါ်နေသော ကန်စွန်းဥဈေးနှုန်း

Powered by Drupal

   ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရာသီပေါ်သီးနံဖြစ်သည့် ကန်စွန်းဥများကို ရောင်းချလျက်ရှိပါသည်။ ကန်စွန်းဥများကို အခြားမြို့များမှ သယ်ယူရောင်းချသည့်အပြင် ကန့်ဘလူမြို့နယ်အတွင်းရှိ ဇီးကုန်းမြို့နှင့် ကာဘိုးကျေးရွာများမှ စိုက်ပျိုးကြပြီး ကန့်ဘလူမြို့ပေါ်သို့ လာရောက် ရောင်းချလျက်ရှိကြောင်း၊ ကန်စွန်းဥသည် အတွင်းသားအဖြူရောင်၊ ရွှေဝါရောင်နှင့် ခရမ်းရောင် စသည်ဖြင့်ရှိကြောင်း သိရှိရပါသည်။

   ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း ရောင်းချလျက်ရှိသော ကန်စွန်းဥဈေးနှုန်းများမှာ ကန်စွန်းဥ (၁)ပိဿာလျှင် (၂၅၀၀)ကျပ်၊ ကန်စွန်းဥ (၂၅)ကျပ်သားလျှင် (၈၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ကန်စွန်းဥသည်  ချိုချိုစိမ့်စိမ့်အရသာရှိသဖြင့် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သဖြင့် ဝယ်ယူစားသုံးသူများလာ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရသည်။

DOCA(စစ်ကိုင်း)