Main menu

“ကန်စွန်းဥများဈေးကွက်အတွင်းဝင်ရောက်လျက်ရှိ”

Powered by Drupal

       လူတို့သည်ကျန်းမာရေးနှင့်ညီညွတ်မျှတသောသီးနှံများကိုစားသုံးကြပါသည်။အဟာရဓာတ် များပါဝင်သော သီးနှံများကို ရွေးချယ်စားသုံးသင့်ကြပါကြောင်း ၊ ကျန်းမာရေးနှင့်ညီပြီး အဟာရ လည်းဖြစ်သော ကန်စွန်းဥများကို လူများကြိုက်နှစ်သက်စွာ စားသုံးကြပါသည်။ဈေးကွက်အတွင်းသို့ ကန်စွန်းဥများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ဝင်ရောက်သော ကန်စွန်းမျိုးများမှာ ရွှေဝါကန်စွန်း၊ ခါကြက်ကန်စွန်း နှင့် ကန်စွန်းငချိတ်ဟူ၍ သုံးမျိုးသုံးစားဝင်ရောက်လျက်ရှိပြီး ကန်စွန်းမျိုးတိုင်းတွင် အဟာရဓာတ်ပါဝင်မှု အတူတူပင်ဖြစ်ကြောင်း ၊ ကန်စွန်းဥများကို အောင်ပန်း ၊ ကလော နှင့် ပြင်ဦးလွင်မြို့နယ်များမှ အများဆုံးဝင်ရောက်လျက်ရှိကြောင်း ၊ ရွှေဝါကန်စွန်းဥ တစ်ပိဿာလျှင် (၂၀၀၀)ကျပ် ၊ ခါကြက်ကန်စွန်းဥ တစ်ပိဿာလျှင်(၂၀၀၀)ကျပ် ၊  ကန်စွန်းငချိတ် တစ်ပိဿာလျှင် (၂၁၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး ကုန်တင်ကားများဖြင့် ကုန်စိမ်းပွဲရုံများသို့ လာရောက် တင်သွင်းလျက်ရှိပြီး အေးမြကြည်လင်ဈေး ၊ မြို့မဈေးများမှတစ်ဆင့် လက်လီအဆင့်ဆင့်ဝယ်ယူ ရောင်းချလျက်ရှိကြောင်း၊ ကန်စွန်းဥဖောက်သည်ဈေးအနေဖြင့် အချိန်(၁၀)ပိဿာ အိတ်တစ်အိတ် လျှင်(၁၅၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ကန်စွန်းဥရောင်းချသော ဈေးသည်တစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။

DOCA(မန္တလေး)