
၁၉.၅.၂၀၂၅ ရက်နေ့၊ ၁၅:၀၀ အချိန်၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ လမ်းမတော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်း မြတ်ကျော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးလှစိုး၊ လမ်းမ တော်မြို့နယ်စည်ပင်သာယာမှ လက်ထောက်အုပ်ချုပ်ရေးမှုး ဦးအောင်ဆွေ၊ လမ်းမတော် မြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်သက်ထွန်း ဦးစီးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကုန်လုပ်ငန်းဌာန၊ မြေနှင့်ဆိပ်ကမ်း(အလယ်ပိုင်း)ဌာနစုမှ မန်နေဂျာ ဦးထွန်းလင်းဦးစီးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ ဆန်သိုလှောင်သူများ၊ ဆန်ရောင်းချသူများအား ခေါ်ယူတွေ့ဆုံ၍ ဈေးကွက်အတွင်း ဆန်ပြတ်လပ်ခြင်းမရှိစေရေး၊ ဆန်ဈေးတည်ငြိမ်မှုရှိစေရေးနှင့် ဆန်ဈေးကစားရန်ရည်ရွယ်ချက် ဖြင့် ဆန်သိုလှောင်ထားမှုများမရှိစေရေးတို့ကိုဌာနဆိုင်ရာမှ တာဝန်ရှိသူတို့နှင့်တက်ရေက်လာသူ လုပ်ငန်းရှင်များက အပြန်အလှန်ဆွေးနွေးကြပြီး အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ၁၆:၃၀ အချိန် တွင်ပြီးစီးခဲ့ရာ တက်ရောက်လာသူ စုစုပေါင်း(၂၀)ဦးခန့်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)