Main menu

ပြည်မြို့၏ သခွားသီးဈေးကွက်

Powered by Drupal

          ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ မှော်ဇာကျေးရွာအုပ်စုတွင် စပါး၊ ပဲ၊ ပြောင်းတို့ကို အဓိကထား စိုက်ပျိုးကြသလို ဟင်းသီးဟင်းရွက်ဖြစ်သော သခွားသီးကိုလည်း စိုက်ပျိုးကြပါသည်။ သခွားသီးကို မိုးသခွားသီးနှင့် ‌ဆောင်းသခွားသီးဟူ၍ အမျိုးအစား ၂ မျိုး ခွဲခြား၍ ရာသီအလိုက် စိုက်ပျိုးကြပါ သည်။ သခွားသီးကို မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်းနုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်မြေများ တွင် စိုက်ပျိုးခြင်းသည် ပိုမိုဖြစ်ထွန်းစေပါသည်။ မိုးသခွားသီးကို မိုးရာသီဖြစ်သော မေလနှင့် ဇွန်လတို့ တွင်စိုက်ပျိုးကြသကဲ့သို့ ဆောင်းသခွားသီးကို ဆောင်းရာသီဖြစ်သော အောက်တိုဘာလနှင့် နိုဝင်ဘာ လတို့တွင် စိုက်ပျိုးကြပါသည်။ သခွားသီးတစ်ဧကစိုက်ပျိုးလျှင် သခွားသီးအလုံးရေ နှစ်ထောင်ကျော် ထွက်ရှိသည်ဟု သိရှိရပါသည်။

          ပြည်မြို့နယ်အတွင်းရှိ ဈေးကွက်များတွင် သခွားသီးများကို အချိန်မရွေး ရောင်းချနေသော်လည်း ယခုအချိန်ဖြစ်သော မိုးတွင်းကာလတွင် မိုးသခွားများပေါ်ချိန်ဖြစ်သော်လည်း စိုက်ခင်းများတွင် ရေများဝင်ရောက်မှုရှိသဖြင့် ထွက်ရှိမှုနည်း၍ သခွားသီးဈေးများ အနည်းငယ် မြင့်တက်လာပါသည်။ သခွားသီးဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် အသေးတစ်လုံးလျှင် (၅၀-၁၀၀) ကျပ်ရှိ၍ သုပ်၍စားရသော အရွယ်တစ်လုံးလျှင် (၂၅၀-၃၀၀) ကျပ်ရှိခဲ့ပြီး ယခုနှစ်တွင် သခွားသီးအသေး တစ်လုံးလျှင် (၂၀၀-၂၅၀) ကျပ်ရှိပြီး သုပ်၍စားရသော အရွယ်တစ်လုံးလျှင် ၈၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချနေကြကြောင်း သိရှိရပါသည်။

DOCA (ပဲခူး)