မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်အတွင်းတွင် ရာသီအလိုက်သီးနှံမျိုးစုံစိုက်ပျိုးသည့်အပြင် နှစ်ရှည်သီးနှံဖြစ်သည့် ပိန္နဲသီး သီးနှံကိုလည်းစိုက်ပျိုးကြပါသည်။ အများဆုံးစိုက်ပျိုးသောကျေးရွာများမှာ ကျောက်ခုံကျေးရွာ၊သမန္တလင်းကျေးရွာနှင့်ပင်တလည်ကျေးရွာများတွင်အများ ဆုံးစိုက်ပျိုးကြပါသည်။ ၎င်းကျေးရွာများမှထွက်ရှိသောပိန္နဲသီးမျိုးများမှာ ပိန္နဲသီး(အဆပ်သီး)၊ အိမ်ပျော့သီးနှင့်ထိုင်ဝမ်သီးများဖြစ်ပါသည်။တစ်ဧကလျှင် (၂၈-၆၃)ပင်အထိစိုက်ပျိုးရပြီး စိုက်ပျိုး ပြီး(၃)နှစ်ခန့်အကြာတွင်စတင်၍ ဆွတ်ခူးနိုင်ပါသည်။ ပိန္နဲသီးအဆပ်သီးဈေးနှုန်းအနေဖြင့် ဖောက်သည်ဈေးအလုံးကြီးတစ်လုံးလျှင် (၄၅၀၀-၅၀၀၀)ကျပ် နှုန်းဖြင့်လည်းကောင်း၊အလုံးသေးတစ်လုံး လျှင်(၃၅၀၀-၄၀၀၀)ကျပ်ဖြင့်လည်းကောင်း၊လက်လီဈေးနှုန်းအနေဖြင့်သည်ဈေး အလုံးကြီးတစ်လုံး လျှင် (၈၀၀၀-၁၀၀၀၀)ကျပ် ၊အလုံးသေးတစ်လုံး လျှင်(၅၀၀၀-၆၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ တစ်လုံးချင်းဝယ်ယူစားသုံးမှုမရှိသည့်သူများအတွက်(၁၀-၁၅)အိမ်ပါအထုပ်ကလေးများဖြင့်ထုပ်၍ ရောင်းချပါကြောင်း၊တစ်ထုပ်လျှင်(၁၀၀၀)ကျပ်နှုန်းဖြင့်အရောင်းအဝယ်ဖြစ်နေပါကြောင်း၊အိမ်ပျော့ သီးမှာလူကြိုက်နည်းသောကြောင့် ဟင်းချက်စားသုံးရန်အတွက် အနေတော်အလုံးများခူး၍ အခွံသင် ခုတ်ထစ်ပြီး ရောင်းချကြောင်း၊ ဟင်းချက် ပိန္နဲသီး တစ်ထုပ်လျှင် ဖောက်သည်ဈေး(၃၀၀)ကျပ်ရှိပြီး လက်လီဈေး(၅၀၀)ကျပ်ဖြင့် ရောင်းချပေးလျှက်ရှိပါကြောင်း၊ ပိန္နဲသီး ဟင်းချက်စားသုံးသူများမှ ဝယ်ယူလျှက်ရှိကြောင်း၊ဈေးကွက်အနေဖြင့် မန္တလေး ၊ စဉ့်ကိုင် နှင့် ကျောက်ဆည်မြို့များသို့တင်ပို့ ရောင်းချပါကြောင်း၊ပိန္နဲသီးအမှည့်တွင်အဟာရဓာတ်များစွာပါဝင်သည့်အတွက်လူခန္ဓာကိုယ်အတွက် စားသုံးရန်သင့်တော်ပါကြောင်း ပိန္နဲသီးစိုက်ပျိုသူ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါ သည်။
DOCA(မန္တလေး)